အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇိုဟ်ရန် မမ်ဒါနီ သည် နယူးယောက်မြို့၏ မြို့တော်ဝန်အဖြစ်၊ ပထမဆုံး ရှီအဟ် မွတ်စလင်၊ ပထမဆုံး တောင်အာရှ မူလ အမေရိကန်နှင့် နောက်ဆုံး ရာစုတစ်ခုအတွင်း အငယ်ဆုံး မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ဖြစ်ပါတယ်။
ဇိုဟ်ရန် မမ်ဒါနီ သည် ကျမ်းတော်မြတ် ကုရ်အာန် ပေါ် လက်တင်၍ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ နယူး ယောက်ပြည် နယ် ၏ ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ် (Attorney General) က ထိုကျမ်းသစ္စာကို ဦးဆောင် အတည်ပြု ကျိန်ဆိုပေး ခဲ့ခြင်း ဖြစ်ပါတယ်။
ဇိုဟ်ရန် မမ်ဒါနီ သည် ကလေးများအတွက် လူထုအခြေပြု စောင့်ရှောက်မှု (universal childcare)၊ အခမဲ့ ဘတ်စ်ကားစီးနင်းမှု၊ အိမ်ငှားခ တည်ငြိမ်ရေး စသည့် အစီအစဉ်များကို အဓိကထား လုပ်ဆောင် လိုသူဖြစ် ပါတယ်။ ထိုအစီအစဉ်များသည် လက်ရှိ ဖွဲ့စည်းပုံများအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာနိုင်ပြီး၊ အကောင် အထည်ဖော်ရန် လွယ်ကူမည် မဟုတ်သလို နိုင်ငံရေးနှင့် ဘဏ္ဍာရေးဘက်မှ ဆန့်ကျင်မှုများကိုလည်း ကြုံတွေ့နိုင်ဖွယ် ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment