အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ယနေ့ အီးဒ်ဒေ မဗ်အက်စ် အချိန်အခါတွင် အီရန် နိုင်ငံသား အလွှာ အစုံ နှင့် တွေ့ဆုံ ချိန် အီရန် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်း ဖက် ဆူပူသောင်းကြမ်းမှုများ ၊ရာဇဝတ်မှုများ တွင် အမေရိကန် နှင့် အစ္စရေး ဇီယွန် တို့ ပါဝင် ပတ်သက် နေ ကြောင်း မိန့်ကြား ခဲ့ပါတယ်။
သတင်းအပြည့်အစုံ အရ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ အီးဒ်ဒေ မဗ်အက်စ် အချိန်အခါ ဖြစ်၍ တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာတွင် အီရန် နိုင်ငံသား အလွှာ အစုံ နှင့် တွေ့ဆုံ ချိန် ပြီးခဲ့သည့် တပတ်အလျင်က အီရန် နိုင်ငံတွင် အမေရိကန် ၏ မြှောက်ကင့် ကူညီပေးမှုကြောင့် အကြမ်းဖက် ဆူပူသောင်းကြမ်းမှုများ ၊ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ရကြောင်း မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီရန် နိုင်ငံ တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက် ဆူပူသောင်းကြမ်းမှုများ ၊ရာဇဝတ်မှုများ ၏ တရားခံ မှ အမေရိကန် သမ္မတ ထရမ့် ဖြစ်ကြောင်း မိန့်ကြားရင်း အသက်များသေဆုံးခံရမှု နှင့် ပစ္စည်းများ ဖျက်စီး ခဲ့ရမှု ၏ အဓိက တာဝန်ရှိသူမှာ ထရမ့်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အီရန် ပြည်သူလူထု ကြီး အနေဖြင့် အကြမ်းဖက် ဆူပူသောင်းကြမ်းမှု ကို ရိုက်ချိုး နိုင်ခဲ့ပြီး အကြမ်းဖက် ဆူပူသောင်းကြမ်း သူများကို လည်း ရိုက်ချိုးမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အတိတ် တွင် အီရန် အတွင်း ပြဿနာ ဖြစ်ပွားချိန် အမေရိကန် နှင့် ဥရောပသည့် ဒုတိယအဆင့် အနေဖြင့် မိန့်ခွန်းများ ပြောကြားပြီး ဝင်ရောက် စွက်ဖက် ခဲ့ ကြောင်း သို့သော် ယခုအခါ အမေရိကန် သမ္မတ သည် တိုက်ရိုက် ဝင်ရောက် စွက်ဖက်ပြီး အဖျက်သမားများ အကြမ်းဖက် သမားများကို ၎င်းတို့ နှင့် အတူ ရှိကြောင်း စစ်ရေး အရ အကူအညီ ပေးမည် ဖြစ် ကြောင်း ပြောကြားခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ ရဟ်ဗရ်အင်န်ကေလာဗ် မှ ယခု အကြမ်းဖက် ဆူပူသောင်းကြမ်းမှု အပြင်ပိုင်း အရ လူငယ်များ ပါဝင်နေပေမဲ့ အစီအစဥ် ကို အမေရိကန် ၌ပင် ဆွဲခဲ့ကြောင်း နှစ်ပေါင်း ၄၇ နှစ်ကျော် အစ္စလာမ်မစ် တော်လှန်ရေး ၏ အတွေ့ အကြုံများ အရ ပွင့်လင်း မြင်သာစွာ ပြောရမည် ဆိုလျင် အမေရိကန် သည် အီရန် ကို ဝါးမြို လိုကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ရဲများ ၊ လုံခြုံရေးတပ်သားများ အား မိမိတို့၏ တာဝန် ကို ကျေပွန် စွာ ထမ်းဆောင် ခဲ့ကြသည့်အတါက် ကျေးဇူးတင်ကြောင်း အေမာခိုမေနီ (ရ.ဟ) ဦးဆောင်သည့် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပွဲ ခံပြီးနောက် အီရန် နိုင်ငံ တွင် အမေရိကန် ၏ အပိုင်စီး ခြယ်လှယ် ဗိုလ်ကျမှု အဆုံးသတ်သွားခဲ့ကြောင်း ဤအတွက်ကြောင့် ယနေ့ တိုင် ဤ လက်လွတ် လိုက်ရမှုအတွက် အမေရိကန် အစိုးရ အနေဖြင့် ပြန်ရဖို့ အပြင်းအထန် ကြိုးပမ်းနေ ကြောင်း အမေရိကန် အနေဖြင့် ကျယ်ပြန့် သည့်ပထဝီ အနေအထား ကို ပိုင်ဆိုင်ထားသည့် ၊ သဘာဝ အဖိုးတန် ပစ္စည်းများ ရှိသည့် ခေတ်မီ ပညာရပ်များတိုးတက်နေသည့် အီရန် နိုင်ငံ အပေါ် ကြည့်မရ ဖြစ်နေကြောင်း မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ပြည်တွင်း တရားခံများကိုလည်း အလွတ်ပေးမည်မဟုတ်သလို ပြည်ပ တရားခံများကိုလည်း အလွတ်ပေး မည် မဟုတ်ကြောင်း လက်ရှိအနေ အထားတွင် အီရန် ပြည်သူ လူထု အတွက် စီးပွားရေး အကျပ်အတည်း နှင့် ရင်ဆိုင်နေရသည်မှာ မှန်ကန်ကြောင်း ထိုအတွက် သက်ဆိုင်သူ အရာရှိများ နှင့် ပြည်သူများ မှ မိမိတို့၏ တာဝန် ရှိသည့် အတိုင်း ဆောင်ရွက်ကြမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် မှ ဗရ်ကသ် (ကောင်းချီးမင်္ဂလာ ) ပေးသနားတော်မည်ဖြစ်ကြောင်း အီရန် နိုင်ငံသား အားလုံး အရာရှိ ဖြစ်စေ ၊ ဝန်ထမ်းဖြစ်စေ ၊ ပြည်သူဖြစ်စေ အားလုံး တစ်စည်းတစ်လုံးတည်း နေကြဖို့ နိုင်ငံရေး စီးပွားရေး အရ စသည်ဖြင့် အပြန်အလှန် အပြစ်တင်ပြီး သွေးမကွဲ ကြဖို့ အတူ စည်းလုံးမှုဖြင့် ပြဿနာများကို ရင်ဆိုင် ကျော်ဖြတ်ကြဖို့ မိန့်ကြားခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
.......................................................
END / 251
Your Comment