အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန်နိုင်ငံ၏ ထောက်လှမ်းရေး ဝန်ကြီးဌာန သည် အင်္ဂါနေ့တွင် စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် တွင် ပြုလုပ် ခဲ့သည့် စစ်ဆင်ရေးအတွင်း သောင်းကြမ်းသူ အဖျက်သမား အဖွဲ့အစည်း၏ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး အဖွဲ့ ခေါင်းဆောင် ၁ ဦးကို သုတ်သင် ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံ၏ ထောက်လှမ်းရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဤစစ်ဆင်ရေးများကို အီရန် အာဏာပိုင်များ နှင့် တရားစီရင်ရေး အဖွဲ့အစည်းများ (ရဲတပ်ဖွဲ့) တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
စုစုပေါင်း သုံးကြိမ် ပူးပေါင်း စစ်ဆင်ရေးများတွင် တိုက်ခိုက်သူ အဖွဲ့အစည်း၏ ၁၁ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါ တယ်။
ထုတ်ပြန်ချက်တွင် စစ်ဆင်ရေးအတွင်း တိုက်ခိုက်သူ အဖွဲ့အစည်း၏ အဓိက အဖွဲ့ခေါင်းဆောင် ဂိုလ် မိုဟမ္မဒ် ရှားဟူဇဟီ သည် လုံခြုံရေး တပ်ဖွဲ့များ နှင့် တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အီရန် အာဏာပိုင်များက သောင်းကြမ်းသူ အဖျက်သမားများ ၏ နေရပ်မှ အာရ်ပီဂျီ တစ်လုံး၊ အာရ်ပီဂျီ ကျည်ဆန် ၂၄ လုံး၊ ကလော့ဆိုင်းကွဖ် ပစ်လုပ်နှစ်လုံး၊ ရီဗော်လူးခြောက်လုံး၊ ပစ္စတို နှင့် လောင်ကျွမ်းစရာ ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံ၏ ထောက်လှမ်းရေး ဝန်ကြီးဌာန က ဤကွန်ရက်သည် ပြည်နယ်အတွင်း တိုက်ခိုက်မှုများကို စီစဉ်ရာ တွင် ပါဝင်ခဲ့သော်လည်း အချိန်မှီပြီး အကျိုးရှိသော စစ်ဆင်ရေးများကြောင့် အလွန်ကြီးမားသော အန္တရာယ်ကို ရှင်းလင်း နိုင်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
အီရန် အာဏာပိုင်များက နိုင်ငံ၏ လုံခြုံရေးကို ပျက်စီးစေမည့် အစီအစဉ်များကို ပြင်းပြင်းထန်ထန် နိုင်နင်း သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment