၂၄ ဇန်နဝါရီ ၂၀၂၆ - ၂၃:၅၄
အီရန် တပ်မတော် နှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များ သည် ရန်သူများကို ရင်ဆိုင်ရန် စည်းလုံး ညီညွတ်စွာ ရှိနေ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တပ်မတော် ဆိုင်ရာ မြေပြင်တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး အလီ ဂျာဟန်ရှာဟီ က ရန်သူများ၏ ကျရှုံးမှု၏ အဓိကအကြောင်းရင်းမှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့များအကြား လုံးဝ စည်းလုံး ညီညွတ်မှုဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် တပ်မတော် နှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များ ပူးပေါင်းဆောင်ရွက်မှုသည် ရန်သူများကို ခုခံကာကွယ်သည့် စစ်ဆင်ရေးများ၏ မြန်နှုန်းနှင့် စစ်သားများ၏ စိတ်ဓာတ် ကို မြှင့်တင်ပေးနိုင်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်များ၏ မြေပြင်တပ်ဖွဲ့များ၏ တပ်မှူး နှင့် တိုင်ပင်ဆွေးနွေးမှုအတွင်း ဗိုလ်ချုပ်ကြီး အလီ ဂျာဟန်ရှာဟီက ပြောကြားခဲ့ပါတယ်။

 ၁၂ ရက်ကြာ အစ္စရေး နှင့် စစ်ပွဲနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အဓိကရုဏ်းများက တပ်မတော်နှင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များ ပိုမိုနီးကပ်လာလေ ရန်သူ၏ မကောင်းသော ရည်ရွယ်ချက်များတွင် ပိုမို ပျက်ကွက်လေဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဤအခမ်းအနားတွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ မြေပြင်တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟမ္မဒ်ကရ်မီ က ဤပူးတွဲအစည်းအဝေးများ၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ရေးအင်အားစုတစ်ခုသာမက အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်ထားသည့် အတွေးအခေါ်ပိုင်ရှင်များလည်းဖြစ်ပြီး  ဤအခြေခံပေါ်တွင် ၎င်းတို့သည် တန်ဖိုးများနှင့် မူများအပေါ်တွင်လည်း ခိုင်မာစွာ ရပ်တည်နေပြီး ဤအတွေးအခေါ်သည် တမန်တော်မြတ်များ (အ.စ) ၏ လမ်းကြောင်း အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် အတူတကွလက်တွဲလုပ်ဆောင်နေပြီး အလ္လာဟ် ဟိုအရှင်မြတ် ၏ အထူး အကူအညီဖြင့် ရန်သူ၏နည်းဗျူဟာများကို ဟန့်တားနိုင်ခဲ့ပြီး အမှန်တရား ၏ ရည်မှန်းချက်များ အောင်မြင်ရန် ခြေလှမ်းများလှမ်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မိုဟမ္မဒ်ကရ်မီ က ဆက်လက်ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha