အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
أَلسَّيِّئُ الْخُلُقِ كَثيرُ الطَّيْشِ مُنَغَّصُ الْعَيْشِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကိုယ်ကျင့်တရားမကောင်းသူ ၊ မကောင်းသည့် စရိုက်ရှိသူ တစ်ယောက်သည် အလွန်လျင်မြန်စွာ ဒေါသ ထွက် လွယ် ပါသည်။ (ဤအတွက်ကြောင့် မိမိ၏ ဘဝကို ) ခါးသီး၍ မပျော်ရွှင်သောဘဝအဖြစ် ပြောင်းလဲ စေတတ် ပါ သည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ဟဒီးစ်တော် အမှတ်တော် ၁၆၀၄
မှတ်ချက် - အထက်ပါ အမီးရိုလ်မိုအ် မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ် ) ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည် ဆို လျှင် ကျနော်တို့ အနေဖြင့် ကိုယ်ကျင့်တရားမကောင်းသူ ၊ မကောင်းသည့် စရိုက်ရှိသူ တစ်ယောက်သည် စိတ်မရှည်သူ ၊ စကားပြောရာမှာ ကြမ်းတမ်းသူ ၊ အခြေအနေသေးသေးလေးနဲ့ပင် ဒေါသ ထွက်လွယ်သူ တို့ကို ဆိုလိုပါတယ်။ ဒေါသလျင်မြန်စွာထွက်လာခြင်း ကတော့ အကြောင်းအရာကို မစဉ်းစား ခင် စိတ်ကို မထိန်းချုပ်နိုင်ခင် ဒေါသဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မှားယွင်းတဲ့ စကားများ ၊ လုပ်ရပ်များ လွယ်လွယ် နှင့် ပြောဖြစ်လုပ်ဖြစ်လာပါတယ်။ ဒေါသများတဲ့သူက မိမိ ၏ မိသားစု၊ မိတ်ဆွေများ နှင့်လည်း အဆင်မပြေဖြစ် ရပါတယ်။ လူတွေက ဝေးကွာသွားတတ် ပါတယ်။ စိတ်မငြိမ်၊ စိတ်ပင်ပန်းနေရတတ်ပါတယ်။ အဲ့ဒီလိုကြောင့် မိမိ ဘဝကို တခြားသူတွေမဟုတ်ဘဲ ကိုယ်တိုင်ပဲ ခါးသီးအောင် လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကို ထိန်းချုပ်နိုင်ဖို့ သည်းခံမှု ရှိဖို့ အကျင့်ကောင်းများကို လေ့ကျင့်ဖို့ လိုအပ်ကြောင်း သင်ပေးထားတဲ့ ဟဒီးစ် တစ်ခု ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment