၂၅ ဇန်နဝါရီ ၂၀၂၆ - ၀၇:၂၅
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော်များသည် ဂျန်ဗါဇ်နေ့  တွင် ဂျန်ဗါဇ် များ၏ နေအိမ်များ သို့ သွားရောက်ဂါရဝပြု ကျန်းမာရေးမေးမြန်း

ဟဇရသ် အဘူလ်ဖွဇ်လေလ်အဘာစ် (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စား တော် လှယ်များ သည် ဂျန်ဗါဇ် များ (စစ်ဒဏ်ရာရ စစ်သည်များ ) နှင့် ၎င်းတို့၏ မိသားစုများအား သွားရောက် ဂါရဝပြု ကျန်းမာရေးမေးမြန်းခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဟဇရသ် အဘူလ်ဖွဇ်လေလ်အဘာစ် (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ နေ့ နှင့် ဂျန်ဗါဇ်နေ့ တွင် အထိမ်းအမှတ်အဖြစ်  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စား တော် လှယ်များ သည် ရန်သူများ နှင့်စစ်ပွဲတွင် တိုက်ပွဲဝင်ရင်း ဒဏ်ရာရရှိခဲ့သော စစ်ပြန်များ (ဂျန်ဗါဇ်များ)  ၏ နေအိမ်များသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့ ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုကာ ကျန်းမာရေးမေးမြန်းခဲ့ကြပါတယ်။

ဟဇရသ် အဘူလ်ဖွဇ်လေလ်အဘာစ် (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ နေ့အား အီရန် နိုင်ငံ တွင် ဂျန်ဗါဇ်နေ့ ( စစ်ဒဏ်ရာရ စစ်သည်နေ့ ) အဖြစ် သတ်မှတ်ထားပါတယ်။

ကိုယ်စားလှယ်တော် များသည် ဂျန်ဗါဇ် များနှင့် ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ဘဝ၊ ကုသမှုနှင့် နေ့စဉ် တွေ့ကြုံရသည့် ပြဿနာများကို မေးမြန်း နားထောင် ခဲ့ကြပါတယ်။

ကိုယ်စားလှယ်တော် များသည် ဂျန်ဗါဇ် များ (စစ်ဒဏ်ရာရ စစ်သည်များ ) များ၏ စိတ်ရှည်မှု၊ ဇွဲလုံ့လနှင့် ယှဉ်နိုင်စရာ မရှိသော စွန့်လွှတ်အနစ်နာခံမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ စလာမ် ပေးကြောင်း နှင့် ကျေးဇူးတင်ကြောင်း သတင်းစကားကို ၎င်းတို့ထံ ပေးပို့ခဲ့ပါတယ်။

မကြာသေးမီက မငြိမ်မသက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒဏ်ရာရရှိခဲ့သော ဒဏ်ရာ ရ စစ်သည် များ ဆေးကုသမှုခံ ယူနေသည့် ဆေးရုံများသို့လည်း ကိုယ်စားလှယ်တော် အချို့ သွားရောက်ခဲ့ပြီး ၎င်းတို့၏ အခြေအနေများ ကိုမေးမြန်း ခဲ့ကြပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စား တော် လှယ်များ အဖြစ်  H.I မော်ဟ်စန် ကွမ်းမီ ၊ H.I မိုဟမ္မဒ် ဟစန် ရဟီမီယာန်း ၊ H.I ဆယက်ဒ် မိုဟမ္မ ဟစန် အဘူသိုရာဘီ ဖရ်ဒ် ၊ H.I မိုဟမ္မဒ် ဂျဝါဒ် အလီအက္က်ဘဲရ်  ၊ H.I ဆယက်ဒ် ရမ်ဒွါန်  မူစဝီ မိုကဒန်မ် ၊ H.I ဆယက်ဒ် အလီဃာဇီ အက္စ်ကရ် ၊ H.I အလီရှီးရာဇီး ၊ H.I အဘာစ် အလီ အက်ခ်သရီ ၊ H.I မိုဟမ္မဒ် ကွမ်းမီ ၊ H.I ဆယက်ဒ် ရေဇာ သကဝီ ၊ H.I အဗ်ဒွလ္လာဟ် ဟာဂျီ ဆွာဒစ်က်ကီ ၊ H.I အဘာစ် မိုဟမ္မဒ် ဟစန်နီ  ၊ « အာဇာနည်များ နှင့် စွန့်လွှတ် အနစ်ခံထားရသူများဆိုင်ရာနှင့် ပံ့ပိုးကူညီရေး အဖွဲ့အစည်း » ဥက္ကဋ္ဌ H.I ဆယက်ဒ် အဲဟ်မဒ် မူစဝီ တို့ မှ တာဝန် ခဲ့ကြပါတယ်။

ထို့အပြင် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်အသီးသီးရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စား တော် လှယ်များ လည်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စား ဂျန်ဗါဇ် များ (စစ်ဒဏ်ရာရ စစ်သည်များ ) ၏ နေအိမ်များသို့ သွားရောက်ကာ ၎င်းတို့၏ ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုကာ ကျန်းမာရေးမေးမြန်းခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha