၂၆ ဇန်နဝါရီ ၂၀၂၆ - ၂၃:၅၇
ကေယာမသ်နေ့ တွင် ဟဇရသ် အဘာစ် (အ.စ) ၏ အဆင့်အတန်း

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကေယာမသ်နေ့ တွင် ဟဇရသ် အဘာစ် (အ.စ) ၏ အဆင့်အတန်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام السجاد علیه السلام:

أنَّ لِلعَبّاسِ عِندَاللّه ِ مَنزِلَةٌ یَغبِطُهُ بِها جَمیعُ الشُّهداءِ یَومَ القیامَةِ.

အေမာမ် စဂျာဒ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ် ၏ အရှေ့တော်တွင် ဟဇရတ် အဘာစ် (အ.စ) သည် အလွန်မြင့်မြတ်သော အဆင့်အတန်းကို ရရှိထားသူဖြစ်ပြီး၊  ကေယာမသ် နေ့တွင် ရှဟီးဒ်များ အားလုံးပင် အားကျ လေးစားကြရ လိမ့် မည် ဖြစ်ပါ သည်။  »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၂၂ ၊ စာမျက်နှာ၂၇၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဟဇရသ် အဘာစ် (အ.စ) ၏  အဆင့်အတန်းဟာအလ္လာဟ် ဟို အရှင်မြတ် ၏ အရှေ့တော်မှာ အလွန်မြင့်မြတ်ကြီးမား တယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက် မြင့်မားလဲဆိုရင် ဟဇရတ် အဘာစ် (အ.စ) သည် ကရ်ဗလာတိုက်ပွဲ မှာ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ အရိုက်အရာ ကိုဆက်ခံသည့် အလ္လာဟ် ကိုယ်တိုင် အေမာမ် အဖြစ် ခန့်ထားသည့် အေမာမ် ဟိုစိုင်းန် (အ.စ)အပေါ် နောက်ဆုံး ထွက်သက် အထိ သစ္စာရှိရှိ ထောက်ခံ ကာကွယ်ခဲ့သူ  ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိ ခေတ်ကာလ၏ အေမာမ် အပေါ် သစ္စာရှိမှု ၊ ကာကွယ် စောင့်ရှောက် အသက်ပေးမှု တို့ကြောင့် ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးလည်း ဟဇရသ် အဘာစ် (အ.စ) ၏ စွန္နသ်တော် အတိုင်း မိမိခေတ်ကာလ ၏ အေမာမ် ၊ အေမာမ် ဇမာန်း (အ.ဂျ) အပေါ် သစ္စာ ရှိရပြီး လိုအပ်လာလျင်  အသက်စတေး၍ ကာကွယ် နိုင်သူများ ဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha