အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
أنَّ لِلعَبّاسِ عِندَاللّه ِ مَنزِلَةٌ یَغبِطُهُ بِها جَمیعُ الشُّهداءِ یَومَ القیامَةِ.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
«ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ် ၏ အရှေ့တော်တွင် ဟဇရတ် အဘာစ် (အ.စ) သည် အလွန်မြင့်မြတ်သော အဆင့်အတန်းကို ရရှိထားသူဖြစ်ပြီး၊ ကေယာမသ် နေ့တွင် ရှဟီးဒ်များ အားလုံးပင် အားကျ လေးစားကြရ လိမ့် မည် ဖြစ်ပါ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၂၂ ၊ စာမျက်နှာ၂၇၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဟဇရသ် အဘာစ် (အ.စ) ၏ အဆင့်အတန်းဟာအလ္လာဟ် ဟို အရှင်မြတ် ၏ အရှေ့တော်မှာ အလွန်မြင့်မြတ်ကြီးမား တယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက် မြင့်မားလဲဆိုရင် ဟဇရတ် အဘာစ် (အ.စ) သည် ကရ်ဗလာတိုက်ပွဲ မှာ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ အရိုက်အရာ ကိုဆက်ခံသည့် အလ္လာဟ် ကိုယ်တိုင် အေမာမ် အဖြစ် ခန့်ထားသည့် အေမာမ် ဟိုစိုင်းန် (အ.စ)အပေါ် နောက်ဆုံး ထွက်သက် အထိ သစ္စာရှိရှိ ထောက်ခံ ကာကွယ်ခဲ့သူ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိ ခေတ်ကာလ၏ အေမာမ် အပေါ် သစ္စာရှိမှု ၊ ကာကွယ် စောင့်ရှောက် အသက်ပေးမှု တို့ကြောင့် ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးလည်း ဟဇရသ် အဘာစ် (အ.စ) ၏ စွန္နသ်တော် အတိုင်း မိမိခေတ်ကာလ ၏ အေမာမ် ၊ အေမာမ် ဇမာန်း (အ.ဂျ) အပေါ် သစ္စာ ရှိရပြီး လိုအပ်လာလျင် အသက်စတေး၍ ကာကွယ် နိုင်သူများ ဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment