၂၀ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၅၈
နမာဇ် ဇေ ဂျမာအသ် ၏ ကြီးကျယ်မြင့်မြတ်မှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် နမာဇ် ဇေ ဂျမာအသ် ၏ ကြီးကျယ်မြင့်မြတ်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

صَلاةُ الرَّجُلِ فِي جَمَاعَةٍ خَيْرٌ مِنْ صَلاتِهِ فِي بَيْتِهِ أَرْبَعِينَ سَنَةً۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  ဂျမာအသ် နှင့် အတူ ဝတ်ပြုသည့် နမာဇ် ဇေ ဂျမာအသ် တစ်ခုသည်  နှစ်လေးဆယ် တစ်ဦးတည်း (ဖိုရာဒါ) ဝတ်ပြုသည့် နမာဇ်  ထက် ပို၍ သာလွန် မြင့်မြတ် ပေသည်။ »

ကျမ်းကိုး ။ ။ မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း  ၊ အတွဲ  ၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် နမာဇ် ဇေ ဂျမာအသ် ၏ ကြီးကျယ် မြင့်မြတ် မှု ကို ထင်ရှား စွာ သိမြင် နိုင်မှာ ဖြစ်ပါတယ်။ အစ္စလာမ်တွင် ဗလီ (မတ်စ်ဂျစ်ဒ်) တွင် လူများစုဖြင့် နမာဇ် ဝတ်ပြု ခြင်းကို အလွန်အရေးကြီးသော အေဗါဒသ် အဖြစ် သတ်မှတ်ထားပါတယ်။ နမာဇ် ဇေ ဂျမာအသ် သည် မိုအ်မင်များ ၏ စည်းလုံးညီညွတ်မှု ၊ ချစ်ခင်မှုနှင့် သဟဇာတဖြစ်မှုကို တိုးတက်စေပါတယ်။ ဟဒီးစ်တော် တွင် ဖော်ပြသော “နှစ်လေးဆယ် ” သည် အရေအတွက်တိကျသတ်မှတ်ခြင်းထက်  အလွန်အမင်း ကြီးမားသော ဆုလာဘ်  (ခ) ဆဝါးဗ် ဘက် ကို ရည်ညွှန်းခြင်းဖြစ်နိုင်ပါတယ်။ ဤ အတွက်ကြောင့် ဗလီဝတ်ကျောင်းတော် များ တွင် နမာဇ် ဇေ ဂျမာအသ် ဖြစ်မြောက်အောင် ၊ ၅ကြိမ် လုံး နမာဇ် ဇေ ဂျမာအသ် ဖြစ်အောင် ဂေါပက လူကြီး များ ၊ အာလင်မ်များ မိုအ်မင်များ အားလုံးစုပေါင်း၍ ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha