အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထင်ရှားသောပညာရှင်တစ်ဦးဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အက်ရှ် ရဖိုလ် အာလန်မ် အလ္လာဟ့် အမိန့် ခံယူ သွားကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။
ဤဘာသာရေးပညာရှင်သည် ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ ဆရာ မီပူရ်မြို့ရှိ တရားဟောဆရာ တစ်ပါး လည်းဖြစ်ပြီး သာသနာ့ ရွှေမြို့တော် ကွမ်း မြို့ရှိ ဟောင်ဇာတွင် အချိန်ကြာမြင့်စွာ ပညာ သင်ကြား ခဲ့သူဖြစ်ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အက်ရှ် ရဖိုလ် အာလန်မ် သည် အီရန်နိုင်ငံ ရှိ ကုရ်အာန်နှင့် ဟဒီးစ်၊ အစ္စလာမ်ဥပဒေပညာနှင့် ဒဿနိကဗေဒတို့တွင် အဆင့်မြင့်ပညာရေးကို ဆည်းပူး ခဲ့သူဖြစ် ပါတယ်။ သူ၏ပညာရေးပြီးဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ပြန်လာပြီး ဘာသာရေး ပညာရေး ဌာန အမျိုးမျိုးတွင် သင်ကြားပို့ချမှုကို ပြုခဲ့ပြီး အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ကို နားလည် သဘော ပေါက် အောင် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သူဖြစ် ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အက်ရှ် ရဖိုလ် အာလန်မ် သည် မိမိကိုယ်ကို နှိမ့်ချပြီး နေသည့် ပညာရှင်တစ်ဦးဖြစ်ပြီး မူများကို စွဲကိုင်ထားပြီး အသိပညာလမ်းကြောင်းကို စွဲကိုင်ထားသူဖြစ်ပါတယ်။ ၎င်း ၏ ကွယ်လွန်သွားခြင်း နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပညာတတ် သာသနာပြုတစ်ဦးနှင့် သစ္စာရှိ ဘာသာ ရေးပုဂ္ဂိုလ် တစ်ဦး ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
အဗ်နာ သတင်းဌာနမှ ဤကြီးမားသောဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်းဖော်ပြပြီး အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ်ထံ မရ်ဟွန်မ်အား အမြင့်ဆုံးရာနေရာ ပေးသနားတော်မူရန် နှင့် ဤရှီအဟ် ဘာသာပညာရှင် အား ချစ်ခင်လေးစားသူများ နှင့် ကျန်ရစ်သူများအတွက် စိတ်ရှည်ခြင်း နှင့် ခံနိုင်ရည်ကို ပေးသနားပါရန် တောင်းဆိုပြု အပ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment