အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
اِنَّ البَيْتَ اِذا كانَ فيهِ المُسْلِمُ يَتْلوُ القُرْآنَ يَتَراءاهُ أَهْلُ السَماءِ كَما يَتَراءى أَهْلُ الدُّنيا اَلْكَوْكَبَ الدُرِّىَّ فى السَّماءِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဧကန်မုချ မွတ်စလင်တစ်ဦး သည် အိမ်တွင် ကုရ်အာန်ကျမ်းတော်မြတ် သေလာဝသ် ပြုသည့် အခါ ကောင်းကင်ဘုံရှိ လူများ (ကောင်းကင်တမန်များ) သည် ကောင်းကင်၌ တောက်ပသော ကြယ်များ ကို မြင်တွေ့ ရသကဲ့သို့ ထိုအိမ်ကို မြင်တွေ့ရပါ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၉၂ ၊ စာမျက်နှာ ၂၀၀ ၆၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ထိုပြင် အိမ် ၌ ကုရ်အာန် ကျမ်းတော် မြတ် ကို သေလာဝသ် ပြုခြင်း ၏ ကြီးကျယ် မြင့်မြတ် မှု ကို သိရှိရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး လမြတ်ရမ်ဒွန်အပြင် လစဥ် ၊ နေ့စဥ် မိမိတို့၏ နေအိမ် တွင် ကုရ်အာန် ကျမ်းမြတ် ၏ သေလာဝသ်ပြုနိုင်ရန် ကြိုးစားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment