၂၆ ဖေဖော်ဝါရီ ၂၀၂၆ - ၀၀:၀၀
အိမ်တွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဆိုခြင်း၏ အရေးပါမှု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူသား များ အတွက် အကောင်းတကာ အကောင်းဆုံးအလုပ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

اِنَّ البَيْتَ اِذا كانَ فيهِ المُسْلِمُ يَتْلوُ القُرْآنَ يَتَراءاهُ أَهْلُ السَماءِ كَما يَتَراءى أَهْلُ الدُّنيا اَلْكَوْكَبَ الدُرِّىَّ فى السَّماءِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဧကန်မုချ မွတ်စလင်တစ်ဦး သည် အိမ်တွင် ကုရ်အာန်ကျမ်းတော်မြတ် သေလာဝသ် ပြုသည့် အခါ ကောင်းကင်ဘုံရှိ လူများ (ကောင်းကင်တမန်များ) သည် ကောင်းကင်၌ တောက်ပသော ကြယ်များ ကို မြင်တွေ့ ရသကဲ့သို့ ထိုအိမ်ကို မြင်တွေ့ရပါ သည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၉၂ ၊ စာမျက်နှာ ၂၀၀ ၆၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ထိုပြင် အိမ် ၌ ကုရ်အာန် ကျမ်းတော် မြတ် ကို သေလာဝသ် ပြုခြင်း ၏ ကြီးကျယ် မြင့်မြတ် မှု ကို သိရှိရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး လမြတ်ရမ်ဒွန်အပြင် လစဥ် ၊ နေ့စဥ် မိမိတို့၏ နေအိမ် တွင် ကုရ်အာန် ကျမ်းမြတ် ၏ သေလာဝသ်ပြုနိုင်ရန် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha