အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မလေးရှား အစ္စလာမ်အဖွဲ့အစည်းများ အကြံပေးကောင်စီ ဥက္ကဋ္ဌ မော်လဝီ ဒေါက်တာ အဇ်မီ အဗ်ဒိုလ်ဟမီးဒ် သည် ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် မွတ်စလင်မ်များအားလုံး အပေါ် အာဏာရှင်များမတရားဖိနှိပ်ချုပ်ချယ် သူများကို ဂျေဟာဒ် လုပ်ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
၎င်း၏ ပြောကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ယခုအခါ ကျွန်ုပ်တို့သည် အစ္စလာမ့်အွန်မသ် (ကိုယ်တော်မြတ် (ဆွ) ၏နောက်လိုက် မွတ်စလင်မ်များ) အတွက် အလွန် ပြင်းထန်ပြီး အရေးကြီးသည့် အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ (ရဟ) ၏ ရှဟာဒသ် သည် မွတ်စလင်မ် အသိုင်းအဝိုင်းအတွက် သတိပေးသည့် လက္ခဏာတစ်ခုဖြစ်ပြီး ရန်သူများက မွတ်စလင်မ် များနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို ဆန့်ကျင် လှုပ်ရှားနေကြောင်း ပြသနေပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ လမ်းညွှန်အဖြစ် ကုရ်အာန်သို့ ပြန်လည် လှည့်ကြည့်ရမည်ဖြစ်ပါတယ်။ မွတ်စလင်မ် များကို ရန်သူများက တိုက်ခိုက်ပြီး ဖိနှိပ်ရန် ကြိုးစားပါက မွတ်စ လင်မ် များတွင် ခုခံရန် အခွင့်အရေး ရှိပါတယ်။
ထို့ကြောင့် မိမိတို့၏ လွတ်လပ်သော နယ်မြေများတွင် မိမိတို့ကိုယ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထု နှင့် မွတ်စလင်မ် များကို ကာကွယ်ခြင်းသည် မွတ်စလင်မ် အားလုံး၏ တာဝန်ဖြစ်ကြောင်း ကျွန်ုပ်တို့ နိဂုံးချုပ် ရမည်ဖြစ်ပါတယ်။ ရှဟီးဒ် ဆက်ဒ် အလီ ခါမေနာအီ (ရ.ဟ) သည် မိမိအသက်ကို ပေးဆပ်ခဲ့ပြီး ယင်းသည် မွတ်စလင်မ် များ ပေါင်းစည်းရမည်ဟူသော အရေးကြီးသည့် သတင်းစကားတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ချက်များ၊ လူမှုရေးနှင့် စီးပွားရေးကိစ္စများတွင် အချင်းချင်း ခွဲခြားမနေသင့်ပါ။
အေမာမ် အလီခါမေနာအီ (ရ.ဟ) က ကျွန်ုပ်တို့အား မိမိတို့၏ မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး ပေါင်းစည်း ရမည်ဟု သင်ကြားပေးခဲ့ပါတယ်။ ဂျေဟာဒ် သည် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ်များ အားလုံးအတွက် ဖိတ်ခေါ် မှုဖြစ်ပြီး ကျွန်ုပ်တို့သည် လက်တွဲ၍ ပခုံးချင်းဆက်ကာ မွတ်စလင်မ် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေများကို ကာကွယ်ရန် တာဝန်ရှိပါတယ်။ နောက်ဆုံးတွင် အလ်အက်ဆွာ မတ်စ်ဂျစ်ဒ် ကို ကာကွယ်ပြီး ပါလက်စတိုင်းမြေ ကို လွတ်မြောက်စေရမည်ဖြစ်ပါတယ်။
ယခုအချိန်သည် အင်အားအပြည့်ဖြင့် ပေါင်းစည်းရမည့် အချိန်ဖြစ်ပါတယ်။ မွတ်စလင်မ် များကို ကာကွယ်ရန် အတွက် ကျွန်ုပ်တို့ ပေါင်းစည်း၍ တော်လှန်ရမည်ဖြစ်ပါတယ်။ အခြားရွေးချယ်စရာ မရှိပါ။
ကျွန်ုပ်တို့သည် မွတ်စလင်မ် ခေါင်းဆောင်များ၊ ပညာရှင်များနှင့် အစ္စလာမ်နိုင်ငံများ၏ ခေါင်းဆောင်များ အားလုံးကို အမေရိကန် နှင့် အစ္စရေးကို အသုံးပြုနေသော ဇီယွန် လှုပ်ရှားမှု၏ ထိန်းချုပ်မှုအောက်တွင် မနေကြရန် တောင်းဆိုပါတယ်။ ကျွန်ုပ်တို့သည် အင်အားအပြည့်ဖြင့် ပေါင်းစည်းကာ ဤသိမ်းပိုက်မှု နှင့် အနောက်တိုင်း ၏ မကောင်းသော အင်အားများကို ဆန့်ကျင်ရမည်ဖြစ်ပါတယ်။ မိမိတို့ကို ကာကွယ်ရန် တစ်ခုတည်းသော လမ်းမှာ ခုခံတော်လှန်ခြင်းသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါတယ်။
ကျွန်ုပ်တို့ ပေါင်းစည်းကြပါစို့။ အေမာမ်အလီ ခါမေနာအီ (ရ.ဟ) ၏ သတင်းစကားကို သတိရကြပါစို့။ မွတ်စ လင်မ် မြေများကို ကာကွယ်ကြပါစို့။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment