ယခုအချိန်မှာ အင်အားအပြည့်ဖြင့် အားလုံးပေါင်းစည်းရမည့်အချိန်ဖြစ်ကြောင်း မွတ်စလင်မ် များကို ကာကွယ် ရန် အတွက် ကျွန်ုပ်တို့ ပေါင်းစည်းရမည်၊ တော်လှန်ရမည်ဖြစ်ကြောင်း အခြားရွေးချယ်စရာ သို့မဟုတ် ဖြေရှင်းနည်း မရှိတော့ ကြောင်း မလေးရှား အစ္စလာမ် အဖွဲ့အစည်းများ၏ အကြံပေးကောင်စီ ဥက္ကဋ္ဌ က ပြောကြား ခဲ့ပါတယ်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟီမန် (Anwar Ibrahim) က ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြောင်း ပြောကြားပြီး အမေရိကန် နှင့် အစ္စရေး ၏ ဤ လုပ်ရပ် ကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။
ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးအပြည့်အဝကို အာမမခံသော အစီအစဉ် သို့မဟုတ် သဘော တူညီ ချက်တိုင်း သည် ရေရှည်တည်တံ့ခိုင်မြဲမည်မဟုတ်သလို လက်တွေ့လည်းဖြစ်နိုင်မည်မဟုတ်ကြောင်း မလေးရှား ဝန်ကြီးချုပ် မှ ပြောကြားခဲ့ပါတယ်။