၁ မတ် ၂၀၂၆ - ၂၃:၅၇
မလေးရှားနိုင်ငံမှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ    ၏ ရှဟာဒသ် အတွက် ဝမ်းနည်းကြောင်း ပြောကြား

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟီမန် (Anwar Ibrahim) က ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြောင်း ပြောကြားပြီး အမေရိကန် နှင့် အစ္စရေး ၏ ဤ လုပ်ရပ် ကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟီမန်  က စနေနေ့ တွင် မိမိ ၏ X စာမျက်နှာ တွင် « အကြောင်းမဲ့ ၊ မည်သည့်အကြောင်းအရာမှ မရှိဘဲ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   အား ရှဟီးဒ် ပြုခြင်း ကို ရှုတ်ချရေးသားခဲ့ပါတယ်။ ပြီးနောက် ဤ ခြေလှမ်းသည်  အရှေ့တိုင်းဒေသကို မတည်ငြိမ်မှုနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အန္တရာယ်ရှိကြောင်း  အီရန် နှင့် အီရန် ပြည်သူလူထု အား ဝမ်းနည်း ကြောင်း ရေးသားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်က ထပ်လောင်းပြီး အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများသည် ခန့်မှန်းရခက်ခဲသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေတတ်ကြောင်း  နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ခြင်းသည် အန္တရာယ်များသော မှတ်တမ်းတစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာအစီအစဉ်၏ အခြေခံ ဖြစ်သော စံနှုန်းများနှင့် မူများကို အားနည်းစေကြောင်း ရေးသားခဲ့ပါတယ်။

အန်ဝါအီဘရာဟိမ် (Anwar Ibrahim) က တချိန်တည်းမှာပင် အီရန်အာဏာပိုင်များကို အစွမ်းကုန် ချင့်ချိန်သင့်ပြီး သည်းခံနိုင်မှုဖြင့် တုံ့ပြန်ရန် တိုက်တွန်းခဲ့ ပါတယ်။

၎င်းက သက်ဆိုင်ရာနိုင်ငံများမှ ထုတ်ပြန်သော ကြေညာချက်များကို ရည်ညွှန်း၍ မလေးရှားနိုင်ငံသည် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံးကို တင်းမာမှုများ ထပ်မံမဖြစ်ပွားစေရန် ရှောင်ရှားကြရန် တောင်းဆို သည်ဟု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် မလေးရှား ဝန်ကြီးချုပ် မှ  ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ အရပ်သားများကို ကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်လေးနက်စွာ ဆွေးနွေးမှုများဆီသို့ ပြန်သွားရန် မေတ္တာရပ်ခံကြောင်း  ဤကိစ္စ ကို အင်အားသုံး၍ ဖြေရှင်း၍မရကြောင်း၊ သံတမန်ဆက်ဆံရေး၊ သည်းခံနိုင်မှုနှင့် နိုင်ငံရေးအရ သာ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha