အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်းမ် သည် အိန္ဒိယရုပ်မြင်သံကြားချန်နယ် NDTV နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် အမေရိကန်နှင့် အီရန်အကြား လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။
၎င်းက အဆိုပါပဋိပက္ခကို ဝါရှင်တန်ဘက်မှ တီဟီရန်အပေါ် ပြုလုပ်ခဲ့သည့် တရားမဝင်ကျူးကျော်မှု ဟု သတ်မှတ်ပြောဆိုခဲ့ပြီး၊ မည်သည့်ဆွေးနွေးမှုမဆို အမေရိကန်နှင့် အစ္စရေးအစိုးရတို့၏ “ကနဦးကျူးကျော်မှု”ကို ဖော်ပြခြင်းဖြင့် စတင်သင့်ကြောင်း ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ်က အဆိုပါအင်တာဗျူးတွင် နိုင်ငံများအနေဖြင့် အမေရိကန်နှင့် အီရန်အကြား လက်ရှိထိပ်တိုက်ရင်ဆိုင်မှု၏ အခြေခံအကြောင်းရင်းများကို အသိအမှတ်ပြုရန် ဆန္ဒမရှိကြကြောင်း ပြောကြားခဲ့ပါတယ်။
အန်ဝါ အီဗရာဟင်းမ် က NDTV နှင့် တွေ့ဆုံရာတွင် “အီရန်နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခသည် အမေရိကန်၏ ကနဦးကျူးကျော်မှု၏ ရလဒ်ဖြစ်ကြောင်း ထိုဖြစ်စဉ်၏အစမှာ အစ္စရေး (အစ္စရေးအစိုးရ) လည်း ပါဝင်ခဲ့သည်မှာ သေချာကြောင်း သို့သော် နိုင်ငံအများအပြားသည် ဖြစ်ရပ်မှန်များကို ပြောဆိုရန် ဆန္ဒမရှိကြကြောင်း အမှန်တရားမှာ ထိုကဲ့သို့သော ဆက်တိုက်ကျူးကျော်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း။” ပြောကြားခဲ့ပါတယ်။
၎င်းက ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ရပ် ရရှိရန် အရေးကြီးကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်က “ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ရပ် လိုအပ်ကြောင်း အကယ်၍ ကျွန်ုပ်တို့သည် ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ခုအပေါ် အခြေခံ၍ သဘောတူညီမှုတစ်ရပ် ရရှိနိုင်မည်ဆိုလျှင် အကြမ်းဖက်မှုများကို ရပ်တန့်ရန်မှာ အရေးကြီးလာမည်ဖြစ်ကြောင်း သို့သော် ထိုအခြေအနေတွင် တရားမျှတမှုကိုလည်း သေချာစွာ အာမခံပေးရမည်ဖြစ်ကြောင်း ယခု ယင်းကို မည်သို့ဖြေရှင်းမည်နည်း? အကြမ်းဖက်မှုကို ရပ်တန့်ရန် ကျွန်ုပ်ဆိုလိုသည်မှာ အမေရိကန် သို့မဟုတ် အစ္စရေးဘက်မှ ပြုလုပ်နေသော အကြမ်းဖက်မှုကို ရပ်တန့်ရန် ဖြစ်ကြောင်း။” ပြောကြားခဲ့ပါတယ်။
NDTV က “ဒေသတွင်း ပေါ်ပေါက်လာသော မတည်ငြိမ်မှုများအတွက် နှစ်ဖက်စလုံးကို တာဝန်ရှိသည်ဟု သတ်မှတ်ပါသလား ? ” ဟု မေးမြန်းခဲ့ရာ မလေးရှားဝန်ကြီးချုပ်က အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊ သို့သော် ယင်းဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်း ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး အင်အားကို ပထမဆုံးအသုံးပြုခဲ့မှု၊ ဆိုလိုသည်မှာ အမေရိကန်နှင့် ဇီယွန်ဝါဒီကျူးကျော်သူများဘက်မှ အင်အားအသုံးပြုခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက နောက်ဆုံးတွင် “ဒါဟာ နိုင်ငံတစ်နိုင်ငံအပေါ် အကြောင်းမဲ့ကျူးကျော်မှုတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအချက်ဟာ လုံးဝရှင်းလင်းပါတယ်။”ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment