၈ မတ် ၂၀၂၆ - ၁၇:၁၄
အမေရိကန် နှင့် အစ္စရေး ၏ ပစ်မှတ် ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ် (IRGC) ပြောကြား

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ် (ကာကွယ်ရေးတပ်) (IRGC) ၏ ပြောရေးဆိုခွင့်ရှိသူက အီရန် အတွက် စစ်ပွဲအစီအစဉ်ရေးဆွဲသူများ၏ ခန့်မှန်းချက်များအားလုံးသည် မှားယွင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် လာမည့်အဆင့်များတွင် ပိုမိုခေတ်မီပြီး အကွာအဝေးရှည် ပစ်နိုင်သော ဒုံးကျည် များကို အသုံးပြု မည် ဟု လည်း ဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRGC ၏ ပြောရေးဆိုခွင့်ရှိသူက အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် လက်ရှိရှိနေသော စစ်ရေးအရှိန်နှုန်းဖြင့် အနည်းဆုံး ၆ လခန့်အထိ ပြင်းထန်သည့် စစ်ပွဲကို ဆက်လက် ဆောင်ရွက်နိုင်သည့် စွမ်းရည်ရှိသည် ဟု ပြောကြား ခဲ့ ပါတယ်။

၎င်းက ထပ်မံ၍ အီရန်ကို ဆန့်ကျင်၍ စစ်ပွဲစတင်သူများသည် အခြေခံ ခန့်မှန်းချက် ၃ ခု ပြုလုပ်ခဲ့သော်လည်း ၎င်းတို့အားလုံးသည် လက်တွေ့စစ်မြေပြင်တွင် မှားယွင်းကြောင်း သက်သေပြခဲ့သည်ဟု ဆိုပါတယ်။  ပထမခန့်မှန်းချက်မှာ အီရန်၏ တော်လှန်ရေးခေါင်းဆောင်ကို သတ်ဖြတ်နိုင်ပါက အီရန်နိုင်ငံသည် ၄၈ နာရီအတွင်း အတွင်းပိုင်းမှ ပြိုကွဲသွားမည် ဟု ယူဆခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယခန့်မှန်းချက်မှာ စစ်ပွဲသည် သုံးရက်အတွင်း အဆုံးသတ်သွားမည် ဟု ယူဆခဲ့ခြင်းဖြစ်ပါတယ်။ တတိယခန့်မှန်းချက်မှာ အီရန်ကို ဆန့်ကျင်သော ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ မဟာမိတ်ကြီးတစ်ခု ပေါ်ပေါက်လာမည်ဟု ယူဆခဲ့ခြင်းဖြစ်ပါတယ်။  သို့သော် အဆိုပါ ခန့်မှန်းချက်များအားလုံးသည် လက်တွေ့တွင် မှားယွင်းကြောင်း ပြသခဲ့ပြီးဖြစ်ပါတယ်။

IRGC ၏ ပြောရေးဆိုခွင့်ရှိသူ က ထပ်မံပြောကြားရာတွင် မကြာသေးမီ စစ်ရေးလုပ်ဆောင်မှုများအတွင်း အမေရိကန် နှင့် အစ္စရေး၏ စစ်စခန်းများနှင့် စစ်ရေးအခြေခံအဆောက်အအုံများ ၂၀၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုများအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ ဒေသအတွင်းရှိ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားပြီး ၄၀ ရာခိုင်နှုန်းခန့်မှာ အစ္စရေး၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။

IRGC ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ဒေသအတွင်းရှိ အမေရိကန်၏ ချိတ်ဆက်ထားသော ကာကွယ် ရေးကွန်ယက်သည် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ခေတ်မီ ရေဒါစနစ်များ အများအပြားကို ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းတို့တွင် ကာတာနိုင်ငံရှိ Al‑Udeid စစ်စခန်း တွင် တပ်ဆင်ထားသော မဟာဗျူဟာမြောက် FPS ရေဒါ နှင့် ဂျော်ဒန်နှင့် ယူအေအီးနိုင်ငံများတွင် တပ်ဆင်ထားသော THAAD ဒုံးကျည် ကာကွယ်ရေးစနစ်၏ ရေဒါမျာ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယခုအချိန်အထိ ပြုလုပ်ခဲ့သော စစ်ရေးလုပ်ဆောင်မှုများတွင် အများအားဖြင့် ပထမနှင့် ဒုတိယ မျိုးဆက် ဒုံးကျည် မျာ ကိုသာ အသုံးပြုခဲ့ကြောင်း၊ သို့သော် လာမည့်အဆင့်များတွင် မကြာခဏ အသုံး မပြုသေး သော ပိုမိုခေတ်မီပြီး အကွာအဝေးရှည် ပစ်နိုင်သော ဒုံးကျည် များ ဖြင့် တိုက်ခိုက်မှုပုံစံအသစ်ကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha