၁၀ မတ် ၂၀၂၆ - ၀၉:၀၁
ရုရှားသမ္မတ ပူတင်မှ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ရုရှားသမ္မတ ဗလာဒီမီးယား ပူတင်သည် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား အီရန်၏ တတိယမြောက် အစ္စလာမ်မစ် တော်လှန်ရေး အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်း အပေါ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ ရုရှား သမ္မတရုံး ကရင်မလင်မှ ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ ပူတင်က အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား အီရန်၏ တတိယမြောက် အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ ထို့ပြင် သူက “လူကြီးမင်းသည် မိမိ ဖခင်၏ လမ်းစဉ်ကို ဂုဏ်သိက္ခာရှိစွာ ဆက်လက်လိုက်နာသွားမည်ဟု ကျွန်ုပ် ယုံကြည်ပါသည်” ဟု ဆိုခဲ့ပါတယ်။

ပူတင်သည် မိမိ သဝဏ်လွှာတွင် ထပ်မံ၍ အီရန်နိုင်ငံသည် ယခုအချိန်တွင် လက်နက်ကိုင် ကျူးကျော်မှုတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း ဤ အခြေအနေတွင် အီရန် ထံမှ သတ္တိ နှင့် ကြီးမားသော အနစ်နာခံမှုများပေးဆပ်မည် ကို မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha