အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကဖန် ဟူသည် အ၀တ်စ တစ်ခုကို ဖြစ်ပြီးမွတ်စလင်မ် မိုင်ယိဒ်၏ ကိုယ်ခန္ဒာအား မြေမမြုပ် မီ ထိုအ၀တ်စဖြင့် ထုပ်ပေးရမည်ဖြစ်ပါတယ်။ မွတ်စလင်မ် အမျိုးသား သို့မဟုတ် အမျိုးသမီး အား ကဖန် ထုပ်ပေးခြင်း သည် ဝါဂျစ်ဗ်ဗေကိဖာယီးဖြစ်ပါတယ်။ ဇနီးသည်အတွက် ကဖန် စီစဥ်ပေးရမည်မှာ ခင်ပွန်းသည်၏ ဝါဂျစ်ဗ် တာဝန်ဖြစ်ပါ တယ်။
သို့သော် အခြားသူများ၏ ကဖန်ကို စီစဥ်ပေးရန် ၎င်းတို့၏ ပိုင်ဆိုင်မှုမှ ဖြစ်ပါတယ်။ အကြောင်းမှာ ကဖန် စီစဥ်ပေးရန် ဝါဂျစ်ဗ် ဖြစ်ပြီး ကဖန်ပေးရန် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် အပေါ် ဝါဂျစ်ဗ် မဟုတ်ချေ။ဖေကဟ်ပညာရှင်များ ၏ ဖသ်ဝါ အရ အဆိုအရ မိုင်ယိဒ်၏ ပိုင်ဆိုင်မှုသည် ကဖန် ဝယ်ဖို့ရန် အတွက် မလုံလောက်ပါက ယင်းအားဇကာသ် မှ စီစဥ်ပေးနိုင်ပါတယ်။
ကဖန်သည် အပိုင်း သုံးပိုင်းဖြင့် ဖွဲ့စည်းထားပါတယ်။
၁။ မေအ်ဇရ်(သို့)လုံခြည် ဖြစ်ပါသည်။ ချက် မှ ဒူး အထိ ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ထားရပြီး ရင်ဘတ်မှ ခြေဖဝါးအထိ ဖုံးထား ပါက ပိုကောင်းပါတယ်။
၂။ ကမီးဇ် (သို့) အင်္ကျီ ဖြစ်ပါသည်။ ပခုံးမှ ခြေထောက် တစ်ဝက်အထိ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ် ထားရ မည်ဖြစ်ပါတယ်။ ခြေဖဝါး အထိ ရောက်ပါက ပိုကောင်းပါတယ်။
၃။ အေဇါရ် (သို့) ဂျဒဲရ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဦးခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားရပြီး ၎င်း၏ အကျယ်သည် အစ တစ်ဖက် ကို နောက် အစ တစ်ဖက်သို့ ရောက်သည့် အထိ ကျယ်ရမည် ဖြစ်ပါတယ်။ မိုင်ယိဒ် ၏ ဦးခေါင်းနှင့် ခြေထောက်များကိုပါ ချည်လို့ရသည့် လောက်သည့် အထိ ရှည်ခြင်းသည် ပိုကောင်းပါတယ်။
မိုင်ယိဒ်အား ကဖန် ထုပ်ပေးရာ၌ မတရား ယူထားသည့် လုယု ထားသည့် သို့မဟုတ် နဂျစ် ဖြစ်နေသည့် အထည် ဖြင့် ထို့အတူ ပိုးသားစစ်စစ် ဖြင့် ပြုလုပ်ထားသောအထည် သို့မဟုတ်တားမြစ်ထားသောသားကောင် ၏ သိုးမွှေး သို့မဟုတ် အမွှေးဖြင့် ပြုလုပ်ထားသော အထည် ဖြင့် ပုံမှန် အခြေအနေတွင် ကဖန်ထုပ် ပေးပိုင်ခွင့် မရှိချေ။
မိုင်ယိဒ်အား ကဖန်မထုပ်မီအရင် သို့မဟုတ် ကဖန်ထုပ်နေသည့်အချိန် ၊ ပရုတ်ကို ၎င်းကိုယ်ခန္ဒာရှိ စဂျ်ဒဟ် ပြုလုပ် သည့်အခါ မြေကြီးဖြင့် ထိတွေ့ရသည့် အစိတ်အပိုင်း ခုနှစ်ခုကို ပွတ်လိမ်း ပေးရမည်ဖြစ်ပါတယ်။ ဤသို့ လုပ်ဆောင်ချက်အား ဟနူသွ် ဟုခေါ်ဆိုပြီး ပြုလုပ်ဖို့ရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
မှတ်သားစရာ တစ်ခုမှာ စစ်မြေပြင်တွင်ကျဆုံးသွားသောအာဇာနည် (ခ) ရှဟီးဒ် အတွက် ကဖန် မလိုအပ်ချေ။ သို့သော် သူသည် အဝတ်ဗလာဖြစ်နေပါက ထိုအခါ၌ သူ့အား ကဖန်ထုတ်ပေးရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
မွတ်စ်သဟဗ် များ နှင့် မကရှုဟ်များ ကို ဖော်ပြရမည်ဆိုလျင်
အသက်ရှင်နေစဉ်ကာလအတွင်း ကဖန် ကြိုတင်ပြင်ဆင်ထားခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ထို့ပြင် ယမန်နိုင်ငံထုတ် ဘုရ်ဒ်ဒေယေမင်နီ အထည်ဖြင့် ပြုလုပ်ခြင်းလည်း မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ကဖန်အဝတ်ကို မွှေးကြိုင်သော အနံ့များဖြင့် မွှေးအောင် ပြုလုပ်ခြင်း ၊ ရေမွှေး ဖြင့် မွှေးကြိုင် အောင်ပြုခြင်းသည်မကရှုဟ် ဖြစ်ပါသည်။ သို့သော် ကာဖူးရ် (ခ) ပရုတ် နှင့် မွှေးကြိုင် အောင် ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။ တချို့ သော ဖီကဟ်အမြင်များအရ ကဖန်အဝတ်ကို ကတ္တန် (linen) အထည်ဖြင့် ပြုလုပ်ခြင်းသည် မကရှုဟ် ဖြစ်သည်ဟု ဆိုထားပါတယ်။ ထို့အပြင် သံကိရိယာများ (ဥပမာ သံကတ်ကြေး) ဖြင့် ကဖန်အဝတ်ကို ဖြတ်ခြင်းလည်း မကရှုဟ် ဖြစ်သည်ဟု ဆိုထားပါတယ်။
ကဖန်နှင့် ပတ်သက်သော မကရှုဟ် အချက်များထဲတွင် အောက်ပါ အချက်များ လည်း ပါဝင်သည်။ ကဖန် တွင် လက်ရှည် (အင်္ကျီလက်) သို့မဟုတ် ကြယ်သီးများ ပါရှိခြင်း၊ ကဖန်အရောင်ကို အနက်ရောင် ဖြစ်စေခြင်း သို့မဟုတ် အနက်ရောင်ဖြင့် တစ်ခုခု ရေးသားခြင်း၊ သေဆုံးသူ၏ ခေါင်းပေါ်တွင် ပတ်ထားသော အမာမဟ် ကို တဟ်တုလ်ဟနက် (ခ) မေးအောက်မှ လှည့်ပတ်ထားသော အစိတ်အပိုင်း မပါဘဲ ပတ်ခြင်း၊ ကဖန်အဝတ် မသန့်ရှင်းခြင်း၊ ညစ်ပတ်နေခြင်း ၊ ကဖန်ဝယ်ယူရာတွင် ဈေးနှုန်းလျော့ရန် အလွန်အကျွံ ဈေးညှိခြင်း၊ ကဖန်ကို အပ်နှင့် ချုပ်ခြင်း၊ စက်နှင့်ချုပ်ခြင်း သို့သော် အချို့သော အကြံပြုချက်များအရ သေဆုံးသူကို သူ အသက် ရှင်နေစဉ် ဝတ်ဆင်ခဲ့သော အင်္ကျီ ဖြင့် ကဖန်ပြုလုပ်ပါက၊ ကြယ်သီးများကို ဖြုတ်ပစ်ပြီး လက်ရှည် ပါရှိနေခြင်းသည် ပြဿနာမရှိချေ။ သို့ရာတွင် အဆိုပါ အင်္ကျီသည် ကဖန်အတွက် လိုအပ်သော အနည်းဆုံး ဖုံးအုပ်ရမည့် အပိုင်းကို ဖုံးနိုင်ရမည် ဖြစ်ပါတယ်။
အင်န်ရှာအလ္လာဟ် ... ဖတ်ရှုသူတိုင်း ကိုယ်စိတ်ချမ်းမြေ့ ပြီး လက်တွေ့ကျင့်သုံးနိုင်ကြပါစေ။
မူရင်းကျမ်းကိုးများ
حرّ عاملی، محمد بن حسن، وسائل الشیعة: الی تحصیل مسائل الشریعة، بیروت، دار احیاء التراث العربی، بیروت، ۱۴۱۲ق.
خمینی، سید روح الله، تحریر الوسیلة، نجف، مطبعة الأداب، ۱۳۹۰ق.
نجفی، محمدحسن، جواهر الکلام فی ثوبه الجدید: اسلوب جدید فی تحلیل ابحاث کتاب جواهر الکلام و عرضها بمنهجیه موضوعیه، قم، دائرة معارف الفقه الاسلامی طبقا لمذهب اهل البیت(ع)، ۱۴۲۶ق/۲۰۰۵م.
نجفی، محمدحسن، جواهرالکلام، محقق: قوچانی، عباس، ناشر: بیروت، دار إحياء التراث العربي، چاپ هفتم، ۱۳۶۲ش.
طباطبایی یزدی، محمدکاظم، العروة الوثقی، بیروت، مؤسسة الأعلمی للمطبوعات، ۱۴۰۹ق/۱۹۸۸م.
فرهنگ فقه مطابق مذهب اهل بيت عليهمالسّلام، تحقيق و تأليف مؤسّسه دائرةالمعارف فقه اسلامى بر مذهب اهل بيت عليهم السّلام؛ زير نظر محمود هاشمى شاهرودى، قم، چاپ دوم ۱۳۸۲ش.
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment