၈ မတ် ၂၀၂၆ - ၁၇:၀၃
စစ်ပွဲ ဆက်လက်ဖြစ်ပွားနေပါက ကမ္ဘာတစ်ဝန်းသို့ ရေနံထုတ်လုပ်မှုနှင့် ရောင်းချမှု၏ အရိပ်အယောင်တောင် ကျန်မည်မဟုတ်ကြောင်း ကာလီဗါဖ် တရားဝင်ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ စစ်ပွဲဆက်လက်ဖြစ်နေမည်ဆိုလျင် ရေနံထုတ်လုပ်မှု နှင့်ရောင်းချ မှု အခြေအနေ နှင့် ပတ်သက်ပြီး မိမိ လူမှုစာမျက်နှာ တွင် တရားဝင် သတိပေးရေးသားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ  မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ အောက်ပါ အတိုင်း တရားဝင် သတိပေးရေးသားထားပါတယ်။

ထရမ့်က ရေနံစျေးနှုန်း အရမ်းမမြင့်တော့ဘူး။ အခု မြင့်သွားတာကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်သွားမယ် လို့ ပြောပါတယ်။ ဒါပေမယ့် စစ်ပွဲက ဒီလိုပဲ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင် ရေနံကို ရောင်းချနိုင်တဲ့ လမ်းကြောင်းမရှိတော့သလို ထုတ်လုပ်နိုင်သည့် စွမ်းရည်လည်း မရှိတော့နိုင်ပါဘူး။ ဒါက အမေရိကန်၏ အကျိုးစီးပွား တစ်ခုတည်းကိုပဲ မထိခိုက်စေဘဲ ဒေသတွင်းနိုင်ငံများနဲ့ ကမ္ဘာတစ်ခုလုံးရဲ့ အကျိုးစီးပွား များ ကိုလည်း နေတန်ယာဟု ၏ မမှန်ကန်သည့်  အယူအဆတွေကြောင့် မီးလောင်သလို ထိခိုက်စေမှာဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ  မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ၏တရားဝင် သတိ‌‌ပေးရေးသားချက်ကို ယခု စစ်ပွဲ ၁၀ ရက်မပြည့်ခင်မှာပင်  တကမ္ဘာလုံး အတိုင်းအတာ နှင့် ခံစားရေးပြီး အခက်အခဲများ နှင့်ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha