အိန္ဒိယရှိ ရှီအဟ် မွတ်စလင်မ် များ၏ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အပေါ်သစ္စာပြုမှု ။ ။ video
၈ မတ် ၂၀၂၆ - ၂၃:၀၄
News ID: 1789744
အဗ်နာ ။ ။ အိန္ဒိယမြို့များ၏ နံရံများပေါ်တွင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ ပုံကို တပ်ဆင်ထားကြောင်း ဖော်ပြထား သည့် ဗီဒီယို တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ထိုလုပ်ရပ်ကို ယခင်က အိန္ဒိယအစိုးရက တားမြစ်ထားခဲ့ပါတယ်။ သို့သော် လည်း ရှီအဟ် များက ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကြီးမားသော ပုံတစ်ပုံကို မြို့၏ အရေး ပါသော နေရာတစ်ခုတွင် အစိုးရမှ တိုက်ရိုက် စောင့်ကြည့်နေသည့် နေရာတွင် တပ်ဆင်ခဲ့ကြပါတယ်။ ထိုနေရာ သည် အိန္ဒိယနိုင်ငံရှိ လက်ခနောင်း မြို့တွင် တည်ရှိပြီး ခရီးသွားဧည့်သည်များအတွက် လူကြိုက်များသည့် နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ထိုနေရာသို့ အမေရိကန် နှင့် ဗြိတိန်တို့မှ ခရီးသွားများ မကြာခဏ လာရောက် လေ့ရှိ ကြကြောင်းသိရပါတယ်။
Your Comment