အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လေကြောင်းကာကွယ်ရေးစနစ်သည် နိုင်ငံအနှံ့ရှိ နေရာအသီးသီးတွင် ရန်သူ၏ အဆင့်မြင့် ဒရုန်းလေယာဉ် ၁၃ စင်းကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အီရန်စစ်တပ်က ထုတ်ပြန်သော ကြေညာချက်တွင် လေကြောင်းကာကွယ်ရေးစနစ်သည် လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံ၏ လေထုနယ်နိမိတ်ကို ချိုးဖောက်ဝင်ရောက်လာသော လေယာဉ်များကို အောင်မြင်စွာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကြေညာချက်အရ ယခုအချိန်ထိ ရန်သူ၏ အဆင့်မြင့် ဒရုန်းလေယာဉ် ၁၃ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ထိုအထဲတွင် MQ‑9၊ Hermes နှင့် Orbiter ဒရုန်းများ ပါဝင်ကြောင်း သိရပါတယ်။
အီရန်စစ်တပ်၏ ပြောကြားချက်အရ ရန်သူ၏ ဒရုန်းလေယာဉ်များကို အီရန်စစ်တပ်နှင့် အစ္စလာမ်မစ် တော်လှန်ရေးဂါ့ဒ်တပ်ဖွဲ့ (IRGC) တို့၏ ပူးပေါင်း လေကြောင်းကာကွယ်ရေးစနစ်က တီဟီရန် ၊ အစ္စဖဟန်နှင့် ကေရ်မန်မြို့များတွင် ပစ်မှတ်ထား ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် အမေရိကန် နှင့် ဇီယွန်နစ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ စတင်ခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးဂါ့ဒ်တပ်ဖွဲ့ နှင့် စစ်တပ်တို့က စုစုပေါင်း ရန်သူလေယာဉ် ၈၂ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ကြေညာချက်တွင် ထပ်မံဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment