အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Flightradar24 ၏ ဒေတာများအရ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း တစ်ပတ်အတွင်း နိုင်ငံ ၁၀ နိုင်ငံရှိ အဓိကလေဆိပ်များမှ စီစဉ်ထားသော လေယာဉ် ခရီးစဉ် ၁၄,၀၀၀ ခန့် ကို ပယ်ဖျက်ခဲ့ကြောင်း သိရပါတယ်။
ထိုကာလအတွင်း ကာတာနိုင်ငံ ဟမဒ် (Hamad) လေဆိပ် တွင် လေယာဉ်ခရီးစဉ်များ၏ ၉၄% ကို ဖျက်သိမ်းခဲ့ရပါတယ်။ အစ္စရေးနိုင်ငံ ဘင်ဂူရီယွန် (Ben Gurion) လေဆိပ် တွင် ၉၀% ကို ဖျက်သိမ်းခဲ့ရပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်း (Dubai) လေဆိပ် တွင် ၈၅% ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဤအချက်များသည် အဆိုပါရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် လေကြောင်းခရီးစဉ်များ အများအပြား ရပ်ဆိုင်းသွားကြောင်း ပြသနေပါတယ်။
အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ မှ အမေရိကန်နှင့် အစ္စရေးတို့ ၏ ကျူးကျော်စစ် ကို တာရှည် ခုခံနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ပြီး နေ့စဥ် အဖြေပေးတိုက်ခိုက်နေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment