အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
أَنْفِقْ وَ أَيْقِنْ بِالْخَلَفِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« လှူဒါန်းကြပါ၊ အလ္လာဟ်ဟို အရှင်မြတ် သည် ထိုလှူဒါန်းမှုအတွက် ပိုကောင်းမွန်သည့် အစားထိုးဆုကို ပြန်လည် ချီးမြှင့် ပေး သနား မည်ဟု ယုံကြည်ကြပါ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၉၆ ၊ စာမျက်နှာ ၁၃၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ပြီးနောက် ဤဟဒီးသ်တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) သည် မိုအ်မင်များအား အလ္လာဟ်ဟို အရှင်မြတ် အတွက် လှူဒါန်းခြင်း (အင်န်ဖာက်) ၏ အရေးပါမှုကို သင်ကြားပေးထားပါတယ်။ « လှူဒါန်းကြပါ (အင်န်ဖာက် ပြုကြပါ။ ) ၊ အလ္လာဟ်ဟို အရှင်မြတ် သည် ထိုလှူဒါန်းမှုအတွက် ပိုကောင်းမွန်သည့် အစားထိုးဆုကို ပြန်လည် ချီးမြှင့် ပေး သနား မည်ဟု ယုံကြည်ကြပါ။»ဟုဆိုခြင်း၏ အဓိပ္ပါယ်မှာ မိုအ်မင် တစ်ဦးသည် လှူဒါန်းသည့်အခါ မိမိ၏ ပိုင်ဆိုင်မှု လျော့နည်းသွားမည်ဟု မကြောက်ရွံ့ဘဲ အလ္လာဟ်ဟို အရှင်မြတ် သည် ထိုအရာကို ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ပြန်လည်ပေး မည်ဟု ယုံကြည်ရမည်ဆိုခြင်း ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာ တွင် လှူဒါန်းခြင်းသည် ဆင်းရဲသားများကို ကူညီရန်သာ မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းအတွင်း မေတ္တာ၊ ညီညွတ်မှုနှင့် အပြန်အလှန် ကူညီမှုတို့ကို တိုးတက်စေသော အရေးကြီးသည့် အကျင့်တစ်ခု ဖြစ်ပါတယ်။ လူတစ်ဦးသည် အလ္လာဟ်ဟို အရှင်မြတ် ၏လမ်းတွင် လှူဒါန်းသောအခါ အလ္လာဟ်ဟို အရှင်မြတ် သည် ထိုအရာကို မပျောက်စေဘဲ လောကီ ဘဝတွင်လည်းကောင်း၊ နောက်မလွန် ဘဝ (အာခေရသ်) တွင်လည်းကောင်း အဆများ စွာ တိုးမြှင့်ပြီး ပြန်လည်ချီးမြှင့်ပေးသနား မည်ဟု ကုရ်အာန် နှင့် ဟဒီးသ်များတွင် မကြာခဏ ဖော်ပြထားပါတယ်။
ထို့ကြောင့် မိုအ်မင် တစ်ဦးအတွက် အရေးကြီးသော အချက်မှာ လှူဒါန်းသောအခါ သံသယမရှိဘဲ အလ္လာဟ်ဟို အရှင်မြတ် ၏ ကရုဏာနှင့် ကတိတော်ကို ယုံကြည်ခြင်း ဖြစ်လှူဒါန်းရပါမယ်။ ထိုသက်ဝင် ယုံကြည်မှုသည် လူတစ်ဦး၏ စိတ်ကို သန့်ရှင်းစေပြီး လောဘနှင့် ကိုယ်ကျိုးရှာစိတ်တို့မှ ကင်းဝေးစေမည် ဖြစ်ပါတယ်။ ထိုအပြင် လူ့အသိုင်းအဝိုင်းအတွင်း မေတ္တာနှင့် တရားမျှတမှုကို ပိုမို တည်ဆောက်စေမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment