၁၇ မတ် ၂၀၂၆ - ၁၆:၅၁
အီရန်ပြည်သူတို့၏ သမိုင်းဝင် အောင်ပွဲ နီးကပ်လာပြီ ဟု လာရီဂျာနီက ထရမ့်၏ ပြောကြားချက်ကို တုံ့ပြန်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အမျိုးသားလုံခြုံရေး အမြင့်ဆုံးကောင်စီ ၏ အထွေထွေ အတွင်းရေးမှူး လာရီဂျာနီ က ထရမ့်၏ ပြောကြားချက်ကို ရယ်မောပြောဆိုသည့် လေသံဖြင့် ပယ်ချကာ အီရန် ပြည်သူများ ၏ သမိုင်းဝင် အောင်ပွဲ နီးကပ်လာနေပြီဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  အမျိုးသားလုံခြုံရေး အမြင့်ဆုံးကောင်စီ ၏ အထွေထွေ အတွင်းရေးမှူး  လာရီဂျာနီ က အီရန်ပြည်သူများအား အောင်ပွဲ နီးကပ်လာ နေပြီဖြစ် ကြောင်း သတင်းကောင်း ပေးခဲ့ ပါတယ်။

အသေးစိတ်အရ လာရီဂျာနီက သူ၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ၄၇ နှစ်ခန့် မတိုင်မီ အစ္စလာမ့်တော်လှန်ရေး အောင်မြင်ရန် နီးကပ်လာနေချိန်တွင် ပဲဟ်လဝီ အစိုးရ၏ မှားယွင်းထင်မြင်မှုများကြောင့် ထိခိုက်နေသော ဝန်ကြီး ချုပ် တစ်ဦးက လမ်းပေါ်တွင် စုဝေးနေသည့် လူထု၏ ဆောင်ပုဒ်များသည် အမှန်မဟုတ်ဘဲ တိပ်မှတ်တမ်း အသံဖိုင် များသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လာရီဂျာနီ က ထပ်မံပြောကြားသည်မှာ ယခုအခါ ထရမ့်ကလည်း အီရန် မြို့များအနှံ့ အမေရိကန်နှင့် အစ္စရေး ဆန့်ကျင် ဆန္ဒပြနေသော လူသန်းပေါင်းများစွာ၏ ပုံရိပ်များကို “အတုအယောင် ဉာဏ်ရည်တု (AI) ဖြင့် ဖန်တီး ထားခြင်း သာ ဖြစ်သည်” ဟု ပြောဆိုနေပါတယ်။

လာရီဂျာနီက ရယ်မောသည့် လေသံဖြင့် အီရန်ပြည်သူများ၏ သမိုင်းဝင် အောင်ပွဲသည် အက်ပ်စတိန် ကျွန်းပေါ် တွင် ကျန်ရှိနေသည့် လူများအပေါ် မကြာမီ ရောက်ရှိလာတော့မည် ဟု ရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha