၂၂ မတ် ၂၀၂၆ - ၂၃:၅၉
ဖခင် ဒိုအာ ၏ အကျိုးသက်ရောက်မှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဖခင် ဒိုအာ ၏ အကျိုးသက်ရောက်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မစ်ရှ်ကာသ်သိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

دُعَاءُ اَلْوَالِدِ لِوَلَدِهِ كَدُعَاءِ اَلنَّبِيِّ لِأُمَّتِهِ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  ဖခင် မှ မိမိ သားသမီး အတွက် ပြုပေးသည့် ဒိုအာ တမန်တော် (အ.စ) က မိမိ  အွန်မသ် (နောက်လိုက် နောက် သား များ ) အတွက် ပြုပေးသည့် ဒိုအာ ပမာ ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ မစ်ရှ်ကာသ်သိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၃၂၅

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ဖခင်တစ်ဦးမှ မိမိသား သမီးများ အတွက် ပြုပေးသည့် ဒိုအာ၏ အရေးပါမှုကို အစ္စလာမ်၌ အလွန်မြင့်မားစွာ သတ်မှတ် ထား ကြောင်း ဖခင်၏ ဒိုအာကို တမန်တော်(အ.စ) က မိမိအွန်မတ်အတွက် ပြုပေးသည့် ဒိုအာနှင့် ဆင်တူ သကဲ့သို့ အရေး ပါကြောင်း ဖော်ပြထားပါတယ်။ ဤဟဒီးစ်တော် က ဖခင်၏ နှလုံးသားမှ ထွက်ပေါ်လာသော ဆုတောင်း ချက်များ သည် အလွန်သန့်ရှင်း၍ အလ္လာဟ်ထံ၌ အလေးထားခံရသော ဒိုအာများ ဖြစ်ကြောင်းကို ဖော်ပြထား ပါ တယ်။ ဤဟဒီးစ်တော် ၌ တမန်တော် (အ.စ) ဆိုသည် မှာ တမန် တော် မြတ်ကြီး မိုဟမ္မဒ် (ဆွ)  နှင့် တမန်တော်များ(အ.စ) အားလုံးပါဝင်ပါတယ်။တမန်တော်များ(အ.စ) က မိမိအွန်မသ် အတွက် ဒိုအာ (ဆုတောင်း) ပေးသကဲ့သို့  ဖခင်သည်လည်း မိမိသားသမီးများကို လမ်းမှန်ပေါ်တွင် ရှိစေရန်၊ အကျင့်စာရိတ္တကောင်းများ ရရှိစေရန်၊ ဘေးအန္တရာယ်များမှ ကာကွယ်စေရန်နှင့် ဘဝ၌ အောင်မြင်ပျော်ရွှင်စေရန် ဆုတောင်းပေးလေ့ရှိပါတယ်။ ထို့ကြောင့် ဖခင်၏ ဒိုအာသည် သားသမီးများအတွက် ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ပြီး သူတို့၏ ဘဝ လမ်းကြောင်းကို အလင်းပြပေးနိုင်သော အရေးပါသော ဆုတောင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha