အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الجواد علیه السلام:
مَنِ استَحسَنَ قَبيحا كانَ شَريكا فيهِ.
အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« မည်သည့်သူမဆို မကောင်းသည့် အလုပ်ကို ကောင်းသည်ဟု သဘောထားလျှင် ထိုမကောင်းသည့်လုပ်ရပ် တွင် သူသည် ပါဝင်သူအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း၊ အတွဲ ၂ ၊ စာမျက်နှာ ၃၄၉
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် လူ တစ် ဦး ၏ အတွင်းစိတ် (သဘောထား) နှင့် ပြင်ပလုပ်ရပ် (ချီးမွမ်းခြင်း) တို့သည် သူတစ်ပါး၏ မကောင်းမှု အပေါ် မည်သို့အကျိုးသက်ရောက်ပုံကို ရှင်းပြနေပါတယ်။ ဤနေရာတွင် ဖော်ပြသော “မကောင်းသောအရာ” သည် အစ္စလာမ်သာသနာ ၏ သီလပညာရပ် (သို့မဟုတ်) စာရိတ္တပညာရပ်အရ ပြစ်တင်ထိုက်သော၊ ရှက်ရွံ့ဖွယ် ကောင်းသော၊ မတရားသော၊ သို့မဟုတ် တားမြစ်ထားသော မည်သည့်လုပ်ရပ်ကိုမဆို ဆိုလိုခြင်းဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment