၃၀ မတ် ၂၀၂၆ - ၂၃:၄၂
ဟစ်ဘွလ္လာဟ် ၏ ဟိုင်ဖာ ဆိပ်ကမ်းပေါ်သို့ ဆက်တိုက် ဒုံးကျည် တိုက်ခိုက်မှု၊ အန္တရာယ် သတိပေး အသံ များ မြည်ထွက်

လက်ဘနွန်၏ တော်လှန်ရေး၊ခုခံရေး အဖွဲ့အစည်း ဟစ်ဘွလ္လာဟ် က ဟိုင်ဖာ ဆိပ်ကမ်းနှင့် ၎င်း၏ ပင်လယ်ကွေ့ကို မီဇိုင်းလ်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ ထို့ကြောင့် အစ္စရေးဒေသများတွင် အန္တရာယ် သတိပေး အသံများ မြည်ထွက် လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အစ္စရေး၏ ပြည်တွင်းရှေ့တန်းကွပ်ကဲမှုက လက်ဘနွန်ဘက်မှ ဟစ်ဘွလ္လာဟ် က ဟိုင်ဖာ ဆိပ်ကမ်းနှင့် ၎င်း၏ ပင်လယ်ကွေ့ဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့ပြီးထို့နောက် ထိုဒေသတွင် အန္တရာယ် သတိပေး အသံများ မြည်ထွက်လာခဲ့ပါတယ်။

အစ္စရေး မီဒီယာ အရင်းအမြစ်များကလည်း ဟိုင်ဖာ ပင်လယ်ကွေ့ဘက်သို့ အရွယ်အစားကြီးမားသောဒုံးကျည် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးခဲ့ပါတယ်။

ဇီယွန်နစ် သတင်းစာ ယဒီအုတ် အာဟာရိုနုတ်၏ အဆိုအရ ဤတိုက်ခိုက်မှုတွင် ဒုံးကျည် ခန့်မှန်းခြေ ၂၀ ခန့်ကို ဟိုင်ဖာဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဖြစ်ပါတယ်။

အစ္စရေး ပြည်တွင်းရှေ့တန်း ကွပ်ကဲမှုက ထပ်မံပြောကြားရာတွင် အယ်လ်ဂါလီလ် အနောက်ပိုင်းဒေသများနှင့် နဟာရီးယာတွင်လည်း အန္တရာယ် သတိပေး အသံများ ကြားရကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha