၁ ဧပြီ ၂၀၂၆ - ၀၇:၁၁
အမေရိကန်ကို ဆန့်ကျင်၍ အီရတ်အစ္စလာမ်မီ ကြံ့ကြံ့ခံ ခုခံရေးအဖွဲ့က တစ်ရက်အတွင်း တိုက်ခိုက်မှု ၂၃ ခု ပြုလုပ်

အီရတ် အစ္စလာမ်မီ ကြံ့ကြံ့ခံ ခုခံရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ယခင် ၂၄ နာရီအတွင်း ဒရုန်းများစွာကို အသုံးပြုပြီး အီရတ်နှင့် ဒေသအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဆန့်ကျင်သော တိုက်ခိုက်မှု ၂၃ ခု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် ရုပ်မြင်သံကြား ဌာန  (IRIB)၏ အစီရင်ခံစာအရ အီရတ် အစ္စလာမ်မီ ကြံ့ကြံ့ခံ ခုခံရေးအဖွဲ့က အီရတ်နှင့် ဒေသတွင် အမေရိကန်နှင့် အစ္စရေးအစိုးရမှ ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်လာနေခြင်းကို တုံ့ပြန်ရန် အဖြစ်၊ အီရန်ကို တိုက်ခိုက်မှုများ စတင်ပြီးနောက်မှစ၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဆက်လက် ပြုလုပ်သွား မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထို့အပြင် «စရာယာ အိုလီယာအဒ်ဒမ်» ဟုခေါ်သော ကြံ့ကြံ့ခံ ခုခံရေးအဖွဲ့တစ်ဖွဲ့ကလည်း ၂၄ နာရီအတွင်း ထူးခြားသည့် တိုက်ခိုက်မှု  ၅ ခုကို ဆောင်ရွက်ခဲ့ပြီး အီရတ်အတွင်းနှင့် ပြင်ပရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha