၁၁ ဧပြီ ၂၀၂၆ - ၂၃:၅၅
ကေယာမသ်နေ့တွင် တိုင်ကြားမည့် အရာ သုံးခု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ‌ကေယာမသ်နေ့တွင် တိုင်ကြား မည့် အရာ သုံးခု နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အူဆူလေ ကာဖီ ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

ثَلاثَةٌ یَشْکُونَ إِلَى اللَّهِ عَزَّوَجَلّ: مَسْجِدٌ خَرَابٌ لا یُصَلَّى فِیهِ أَهْلُهُ، وَعالِمٌ بَیْنَ جُهّالٍ، وَمُصْحَفٌ مُعَلَّقٌ قَدْ وَقَعَ عَلَیهِ غُبارٌ، لا یُقْرَأُ فِیهِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« သုံးမျိုးသောအရာများသည် (ကေယာမသ်နေ့ တွင်)  အလ္လာဟ် ၏ရှေ့တော်၌ တိုင်ကြားမည်ဖြစ်ပါသည်။

၁။ အိမ်နီးချင်းများ ဝတ်ပြုကိုးကွယ်ခြင်းမပြုသော စွန့်ပစ်ထားသော ဗလီ

၂။ ဂျာဟေရ်များကြားတွင် ရှိနေသည့် အာလင်မ် ( အာလင်မ် ထံမေးခွန်းမေးမြန်းခြင်းမပြုသည့်အတွက်ကြောင့် ဖြစ်ပါတယ်။ )

၃။ ဖုန်သာတက်နေပြီး သေလာဝသ် မပြုသည့် ကျမ်းတော်မြတ် ကုရ်အာန် တို့ ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ အူဆူလေ ကာဖီ ကျမ်း ၊  အတွဲ ၄ ၊ စာမျက်နှာ ၄၁၇

အနည်းငယ်ရှင်းပြချက်

ဤဟဒီးစ်တော် မှ လူတွေက ဘာသာရေးအရာများကို လျစ်လျူရှုမနေသင့်ဘူး ဆိုတာကို သတိပေးခြင်း ဖြစ်ပါ တယ်။

၁။ ဗလီ (မတ်စ်ဂျစ်ဒ်) ကို ဆောက်ထားပေမယ့် လူတွေ မနမာဇ်ဝတ်မပြုရင် အဲ့ဒီဗလီဟာ စွန့်ပစ်ထား သလို အကျိုးမရှိဖြစ်သွားပါမယ်။

၂။သာသနာ့ပညာရှင် (အာလင်မ် ) တစ်ပါး ရှိနေပေမယ့် လူတွေက သူ့ဆီက မသင်ယူဘူးဆိုရင် အဲ့ဒီပညာဟာ လူမှုအသိုင်းအဝိုင်းအတွက် အသုံးမဝင် ဖြစ်သွားပြီး ဂျာဟေရ်များကြားတွင် ရှိနေသည့် အာလင်မ်ဖြစ်သွားမည်ဖြစ်ပါတယ်။

၃။ ကျမ်းတော်မြတ် ကုရ်အာန် အား အိမ်မှာထားပေမယ့် သေလာဝသ် မပြု ၊ မလေ့လာဘူးဆိုရင် ကုရ်အာန်၏ လမ်းညွှန်မှုကို လူတွေ မရနိုင်ဘူးဆိုတာကို သတိပေးနေတာဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ဗလီကိုအသုံးပြုဖို့၊ ပညာရှင်ကို လေးစားပြီး ပညာယူဖို့၊ ကုရ်အာန်ကို မကြာခဏ ဖတ်ပြီး နားလည်ဖို့ ဆိုတဲ့ သတိပေး ချက်ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha