၁၁ ဧပြီ ၂၀၂၆ - ၂၃:၅၉
သမီးများ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ အေမာမ် ဟစန် (အ.စ) ၏ ဆုံးမသြဝါဒ

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သမီးများ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဆုံးမသြဝါဒ ကိုမိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကာရေမ်မိုလ်အခ်လာက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسن المجتبی علیه:

زَوِّجْها مِنْ رَجُلٍ تَقىٍّ فَاِنَّهُ اِنْ اَحَبَّها اَكْرَمَها وَ اِنْ اَبْغَضَهالَمْ يَظْلِمْها.

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« သင့်သမီးကို သက္က်ဝါး ရှင် အမျိုးသားတစ်ဦးနှင့် လက်ထပ်ပေးပါ။ အကြောင်းမှာ သူမကို ချစ်ပါက သူမကို ဂုဏ်ပြု၍ ကောင်းမွန်စွာ ဆက်ဆံမည်၊ သူမကို မနှစ်သက်ပါကလည်း သူမအပေါ် မတရား ဖိနှိပ် မည် (နှိပ်စက်မည်) မဟုတ်ချေ။ »

ကျမ်းကိုး ။ ။ မကာရေမ်မိုလ်အခ်လာက် ကျမ်း ၊ စာမျက်နှာ ၂၀၄

အနည်းငယ်ရှင်းပြချက်

ဤဟဒီးစ်တော်၏ အဓိကသဘောတရားမှာ အိမ်ထောင်ရေးအတွက် ဘာသာရေးကိုင်းရှိုင်းမှု၊ အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့မှု  (သက္က်ဝါး)  နှင့် အကျင့်စာရိတ္တ ကို အရေးကြီးဆုံးအဖြစ် ရွေးချယ်ရန်ဖြစ်ပါတယ်။

သက္က်ဝါးရှိသူ (ခ) အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့သူသည် မိမိ၏ ဇနီးအား ချစ်မြတ်နိုးသည့်အခါ ဂုဏ်ပြုကာ ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်ပါတယ် ။ မချစ်တော့သောအခါလည်း အမျက်ဒေါသကြောင့် မတရား ဖိနှိပ်မည် ၊ နှိပ်စက်မည်မဟုတ်ချေ။  တရားမျှတမှုကို ထိန်းသိမ်းမည်ဖြစ်ပါတယ်။ ထို့ကြောင့် မိဘများအနေဖြင့် သမီးအတွက် အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ငွေကြေး၊ အလှအပ၊ မျိုးရိုးထက် ဘာသာရေးနှင့် အကျင့် စာရိတ္တ ကောင်းမှု ကို ပိုမိုအရေးကြီးစွာ ကြည့်ရှုရန် အေမာမ် ဟစန် (အ.စ) မှ မိန့်ကြား ဆုံးမတော်မူထားခြင်းဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha