၁၇ ဧပြီ ၂၀၂၆ - ၂၃:၅၉
ချစ်ကြည်ရင်းနှီးမှု နှင့် ဂုဏ်သိက္ခာ တိုးပွားလာခြင်း၏ လျှို့ဝှက်ချက်

အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ချစ်ကြည်ရင်းနှီးမှု နှင့် ဂုဏ်သိက္ခာ တိုးပွားလာခြင်း၏ လျှို့ဝှက်ချက် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسین علیه السلام :

لا تَقولَنَّ فى اَخيكَ المُؤْمِنِ اِذا تَوارى عَنْكَ اِلاّ ما تُحِبُّ اَنْ يَقولَ فيكَاِذا تَوارَيْتَ عَنْهُ.

အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  သင်၏ မိုအ်မင်ညီအစ်ကိုသည် သင်ရှေ့မှာ မရှိသောအခါ၊ သူ့အကြောင်းကို သင် မျက်ကွယ်ဖြစ်နေချိန် (သင်မရှိသည့်အချိန်) တွင် သူက သင့်အကြောင်း ပြောစေချင်သော စကားမျိုးကိုသာ ပြောပါ။»

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၁၂၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဤဟဒီးစ်တော် ဟာ လူမှုဆက်ဆံရေးနဲ့ ကိုယ်ကျင့်တရား အတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပေးနေတာဖြစ်ပါတယ်။  လူတစ်ယောက် မရှိတဲ့ အချိန်မှာ သူ့အကြောင်း မကောင်းပြောခြင်း (နောက်ကွယ်ပြောခြင်း ၊ အတင်းပြောခြင်း ) ကို ရှောင်ကြဉ်ရန် သင်ကြား ပေးနေတာဖြစ်ပါတယ်။  ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင် မပြောနိုင်တဲ့ စကားမျိုးကို နောက်ကွယ်မှာ လည်း မပြောသင့်ကြောင်း သင်ကြားပေးနေတာဖြစ်ပါတယ်။ တခြားသူကို လေးစားမှု၊ ယုံကြည်မှု တည်ဆောက်ဖို့ အခြေခံသဘောတရားတစ်ခုကို ပြောကြားနေတာဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ကိုယ် မကြိုက်တဲ့အရာကို တခြားသူအပေါ် မလုပ်ပါနှင့် ဆိုတဲ့ သင်ခန်းစာကို ပို့ချထားတာဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha