အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိမိကိုယ်ကို ရှီအဟ်မွတ်စလင်မ် တစ်ယောက် အဖြစ် ခံယူထားသူတစ်ဦးအနေနှင့်
လူမှုရေးအကြောင်းအရာကြောင့်ဖြစ်စေ
အခြားအကြောင်းအရာများကြောင့်ဖြစ်စေ
အခြားသော မိုအ်မင် သို့မဟုတ် မိုအ်မေနသ် များအား
မခေါ်မပြောတော့ဘဲ ဆက်ဆံရေး ဖြတ်တောက်ထားချိန်တွင်
ယုတ်စွာ တစ်ဖက်သားက
“စလာမ် ... ” ဟုပြောဆို ကာ ပြန်လည်ဆက်သွယ်လာသောအခါ
အဖြေမပြန်ဘဲ မသိသလို ဆက်ဆံနေမိသည်ဆိုပါက ထိုအချိန်အခိုက်အတန့်တွင်
« ငါသည် အေမာမ် ဟိုစိုင်းန် (အ.စ) ထက် ပိုမြင့်မြတ်နေပါသလား? »
« တစ်ဖက်သား မိုအ်မင် ၊ မိုအ်မေနသ် သည် ကာဖရ် သို့မဟုတ် ဟဇရသ် ဟူးရ် ထက် ပိုမိုဆိုးရွားနေသလား? »
ဟူသော မေးခွန်းများကို မိမိကိုယ်တိုင် မေးပြီး စဉ်းစားသင့်ပါတယ်။
ထို့အပြင်
မိမိက သူတို့အား ဆက်ဆံသည့် အပြုအမူကို
အလ္လာဟ်၊
ရစူလ် (ဆွ)၊
ဘီဘီ ဖွာတွေမဟ် (စ.အ)၊
အေမာမ် ၁၂ ပါး (အ.စ) တို့က
မိမိအား ထိုသို့ပင် ပြန်လည် ဆက်ဆံခဲ့မည်ဆိုပါက
မိမိ စိတ်ချမ်းသာနိုင်ပါမည်လား ? ဆိုသည်ကိုလည်း
လေးနက်စွာ စဉ်းစားကြပါရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။
عَنْ أَبِي عَبْدِ اللَّهِ (عليه السلام):
«مِنْ حَقِّ الْمُؤْمِنِ عَلَى الْمُؤْمِنِ… إِذَا سَلَّمَ عَلَيْهِ أَنْ يَرُدَّ عَلَيْهِ»
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။
« မိုအ်မင်တစ်ဦး၏ အခြားမိုအ်မင်အပေါ်ရှိ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ထဲမှ တစ်ခုမှာ သူက စလာမ်ပေးလာပါက ပြန်လည်တုံ့ပြန်ရခြင်းဖြစ်ပါသည်။ »
ကာဖီကျမ်း ၊ အတွဲ ၂
မိုအ်မင်အချင်းချင်း အငြိုးအတေးများကင်းနိုင်ကြပါစေ ။ စိတ်ထားလှလှများ ထားနိုင်ကြပြီး ကိုယ်ချင် စာစိတ် များ၊ ဖြေတွေး စိတ်များထားနိုင်ကြပါစေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment