၁ ဇူလိုင် ၂၀၂၆ - ၂၃:၅၉
ကုရ်အာန်ကျမ်းမြတ် သည် အကောင်းဆုံးသော လမ်းညွှန်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကုရ်အာန်ကျမ်းမြတ် သည် အကောင်းဆုံးသော လမ်းညွှန် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

من اتّخذ قول الله دلیلًا هديَ الی الّتی هی اَقوم..

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မည်သူမဆို အလ္လာဟ်အရှင်၏ မိန့်တော် (ကုရ်အာန်) ကို မိမိ၏ လမ်းညွှန်အဖြစ် လက်ခံလိုက်လျှင်၊ အမှန် ကန်ဆုံး၊ အခိုင်မာဆုံးသော လမ်းစဉ်သို့ အလ္လာဟ်ဟို အရှင်မြတ် အရှင်မြတ် က လမ်းညွှန်ပေးတော်မူမည်။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၈၈၁၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကုရ်အာန်ကျမ်းတော် မြတ် ကို လူ့ဘဝ၏ အဓိက လမ်းညွှန်အဖြစ် လက်ခံလိုက်သူသည် အမှန်တရားနှင့် အကောင်းဆုံးသော လမ်းစဉ်သို့ ဦးတည်နိုင် မည်ဖြစ်ကြောင်း မိန့်ထားခြင်း ဖြစ်ပါတယ်။ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ၏အဓိပ္ပာယ် ကိုနားလည်အောင် လုပ်ရမည်။ ပြီးနောက် ကိုယ်တော်မြတ် (ဆွ) မှ ကုရ်အာန် နှင့် အတူ အဲဟ်လေ့ဘိုက်(သ)(အ.စ) ကို  မြဲမြံ စွာဆုပ်ကိုင်ထားရမည်ဟု မိန့်ကြားထားတော်မူ သည့် အတွက် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ သဖ်စီးရ် ကို ပါ တွဲလေ့လာ ပြီး လက်တွေ့ ကျင့်နိုင်အောင်ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha