၃ ဇူလိုင် ၂၀၂၆ - ၀၁:၄၇
အီရန်အရေးကြောင့် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့၏ ဆက်ဆံရေးတွင် ပြင်းထန်သော တင်းမာမှု ဖြစ်ပေါ်နေကြောင်း အမေရိကန်မီဒီယာ ဖော်ပြ

အမေရိကန်မီဒီယာ၏ ဖော်ပြချက်အရ အီရန်ကို ဆန့်ကျင်သည့် စစ်ရေးအခြေအနေ၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နိုင်ခြေ နှင့် ဆော်ဒီအာရေဗျ၏ ရေနံအကျိုးစီးပွားများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကြောင့် ဝါရှင်တန် နှင့် ရီယာဒ်အကြား ဆက်ဆံရေးတွင် ပြင်းထန်သော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ အစီရင်ခံစာအရ အမေရိကန်သတင်းစာ New York Post က ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် အီရန်ကို ဆန့်ကျင်သည့် စစ်ရေးအခြေအနေ၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နိုင်ခြေ နှင့် ဆော်ဒီအာရေဗျ၏ ရေနံအကျိုးစီးပွားများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကြောင့် အမေရိကန် နှင့် ဆော်ဒီအာရေဗျတို့၏ ဆက်ဆံရေးသည် အန္တရာယ်ရှိလောက်သည့် အဆင့်အထိ တင်းမာလာခဲ့ကြောင်း ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ထရမ့်အစိုးရသည် စစ်ပွဲကို အမြန်ဆုံး အဆုံး သတ်ရန် နှင့် အီရန်ဆိပ်ကမ်းများအား ဝိုင်းပတ်ပိတ်ဆို့ထားမှုကို ရပ်တန့်ရန် ဆော်ဒီအာရေဗျဘက်မှ အကြိမ်ကြိမ် သတိပေးတောင်းဆိုခဲ့သော်လည်း ယင်းသတိပေးချက်များကို လျစ်လျူရှုခဲ့ကြောင်း ဖြစ်ပါတယ်။

အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်မှာ အီရန်ဘက်မှ တုံ့ပြန်လာနိုင်သည့် အန္တရာယ်ကို စိုးရိမ်သဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများကို အမေရိကန်က လုံခြုံရေးပေးမည့် အစီအစဉ်ကို ထရမ့်က ကြေညာပြီးနောက် ဆော်ဒီအာရေဗျသည် ၎င်း၏ စစ်ရေးအခြေစိုက်စခန်းများကို အမေရိကန် အသုံးပြုခွင့် မပေးတော့ဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါအစီအစဉ်မှာ နှစ်ရက်အကြာတွင်ပင် ပျက်ကွက်သွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ ထိုအချိန်မှစတင်၍ ဝါရှင်တန်နှင့် ရီယာဒ်အကြား သဘောထားကွဲလွဲမှုများသည် ဆက်တိုက် တိုးလာခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် အစီရင်ခံစာတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် က ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် G7 အစည်းအဝေးတွင် အမေရိကန်၏ မူဝါဒများကို ကန့်ကွက် ခဲ့ကြောင်း နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ဒေသတွင်းခရီးစဉ်အတွင်း ရီယာဒ်မြို့သို့ပင် သွားရောက်ခဲ့ခြင်း မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha