၅ ဇူလိုင် ၂၀၂၆ - ၁၀:၃၅
အာဇာနည်ခေါင်းဆောင်ကြီး အတွက် နမာဇ် ဇေဂျနာဇဟ် ဝတ်ပြု + ဗီဒီယို

အီရန်ပြည်သူများသည် ယနေ့ နံနက် ၈ နာရီတွင် တီဟီရန်မြို့ရှိ မိုဆွလာယေ အေမာမ် ခိုမေနီ (ရ.ဟ) ၌ စုဝေးခဲ့ကြပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ ဦးဆောင်မှု ၌ အာဇာနည်ခေါင်းဆောင်ကြီး အတွက် နမာဇ် ဇေဂျနာဇဟ် ဝတ်ပြု ခဲ့ကြပါတယ်။ အီရန်ပြည်သူများ သည် မိမိတို့၏ ချစ်လှစွာသော ဖခင်ပမာ ခေါင်းဆောင်ကြီး အတွက် နမာဇ်ဇေ ဂျနာဇဟ်ကို ဝတ်ပြုခဲ့ခြင်းဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIBသတင်းအေဂျင်စီ၏ အဆိုအရ ယနေ့ ဇူလိုင်လ ၅ရက်နေ့ ၂၀၂၆ ခုနှစ် တွင် အာဇာနည် ရုပ်ကလာပ်တော် များအတွက် နမာဇ်ဇေ ဂျနာဇဟ် ကို သုံးကြိမ်ပြုလုပ်ခဲ့ပြီး တစ်ကြိမ်မှာ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ သန့်ရှင်းသော ရုပ်ကလာပ် အတွက်ဖြစ်ပြီး ဒုတိယ တစ်ကြိမ်မှာ အာဇာနည်ခေါင်းဆောင်ကြီး ၏ သမီး၊သားမက် နှင့် ချွေးမ တို့၏  ရုပ်ကလာပ်တော် များအတွက် ဖြစ်ပြီး တတိယအကြိမ်မှာ အာဇာနည်ခေါင်းဆောင်ကြီး ၏ မြေးမလေး ၏ ရုပ်ကလာပ်တော် အတွက် ဝတ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၆ ရက် တနင်္လာနေ့ ၂၀၂၆ခုနှစ် တွင် တီဟီရန်၌ ၊ ဇူလိုင်လ ၇ ရက် အင်္ဂါနေ့ ၂၀၂၆ ခုနှစ် တွင် ကွမ်းမြို့ ၌ ဇူလိုင်လ ၈ ရက် ဗုဒ္ဓဟူးနေ့ ၂၀၂၆ ခုစ် တွင် နဂျဖ် နှင့် ကရ်ဗလာမြို့ ၌  ဇူလိုင်လ ၉ ရက် ကြာသပတေးနေ့ ၂၀၂၆ခုနှစ် တွင် မရှ်ဟဒ်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး အေမာမ် ရေဇာ ၏ ရောင်ဇာတော် တွင် မြှုပ်နှံမည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha