၈ ဇူလိုင် ၂၀၂၆ - ၀၈:၅၃
အမေရိကန် နှင့် အီရန် တင်းမာမှု ထပ်မံမြင့်တက် ၊ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွား

အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများ ထပ်မံမြင့်တက်လာပြီး၊ ဟော်မုဇ်ရေလက်ကြား၌ ဖြစ်ပွား သည့် အငြင်းပွားမှုများနောက်ပိုင်း နှစ်ဖက်စလုံးက အပြန်အလှန် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လေ့လာသူအချို့ကလည်း အင်အားကြီးနိုင်ငံများ၏ ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွား နေသရွေ့ ဒေသတွင်း စစ်ရေးပဋိပက္ခများ အလွယ်တကူ အဆုံးသတ်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်၏ IRGC (Islamic Revolutionary Guard Corps) က ဟော်မုဇ်ရေလက်ကြားအတွင်း သတ်မှတ်ထားသည့် လမ်းကြောင်းကို မလိုက်နာဘဲ အခြားလမ်းကြောင်းမှ ဖြတ်သန်းခဲ့သည်ဟု ဆိုထားသည့် သင်္ဘောသုံးစင်းအား သတိပေးခဲ့ပြီးနောက် စစ်ရေးအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်အပြီးတွင် အမေရိကန်ဘက်က အီရန်အပေါ် စစ်ရေးတုံ့ပြန်မှု ပြုလုပ်ခဲ့ပြီး၊ ပင်တဂွန်၏ ထုတ်ပြန်ချက်အရ ပစ်မှတ် ၈၀ ခန့်ကို တိကျစွာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထို့နောက် ဤကျူးကျော်မှုအတွက် ကနဦးတုံ့ပြန်မှုတွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်နှင့် အာကာသတပ်ဖွဲ့များသည် ပူးတွဲဒုံးကျည်နှင့် ဒရုန်းစစ်ဆင်ရေးများမှတစ်ဆင့် ဘာရိန်း၏ ပဉ္စမရေတပ်ဇုန်၊ စလ်မာန် ဆိပ်ကမ်း နှင့် ကူဝိတ်၏ အလီဆာလမ်လေတပ်စခန်းရှိ အရေးကြီးသော အမေရိကန် စစ်ဘက် အဆောက်အအုံ ၈၅ ခုကို ဖျက်ဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။

ယင်းဖြစ်ရပ်များကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပြီး၊ ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောသွားလာရေးနှင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေး လုံခြုံမှုအပေါ်လည်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိပါတယ်။

ထို့ပြင် အမေရိကန်အနေဖြင့် လက်ရှိကဲ့သို့ အင်အားသုံးဝင်ရောက်စွက်ဖက်မှုများနှင့် ဗိုလ်ကျလိုသည့် မူဝါဒများ ကို ဆက်လက်ကျင့်သုံးနေသရွေ့ ဒေသတွင်း စစ်ပွဲများသည် အလွယ်တကူ အဆုံးသတ်နိုင်မည်မဟုတ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha