၂၇ ဇူလိုင် ၂၀၂၆ - ၂၃:၅၄
အမေရိကန်ပြည်သူ ၆၆ ရာခိုင်နှုန်းက အီရန်ကို စစ်တိုက်ခြင်းအား ဆန့်ကျင် / ထရမ့်သည် ပြည်သူ့ထောက်ခံမှုကို မည်သို့ ဆုံးရှုံးခဲ့သနည်း?

နောက်ဆုံးပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းများအရ အမေရိကန်ပြည်သူများ၏ အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုအပေါ် ထောက်ခံမှုသည် သိသိသာသာ ကျဆင်းလာခဲ့ပြီး၊ အမေရိကန်နိုင်ငံသား ၆၆ ရာခိုင်နှုန်း သည် လက်ရှိစစ်ဆင်ရေးကို ဆန့်ကျင်နေကြောင်း ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သဘောထားစစ်တမ်းများက အီရန်ကို ဆန့်ကျင်သည့် လက်ရှိစစ်ပွဲအပေါ် ပြည်သူလူထု၏ သဘောထားမှာ အကြီးအကျယ် ပြောင်းလဲသွားကြောင်း ပြသနေပါတယ်။ လွန်ခဲ့သည့် သုံးဆယ်နှစ်အတွင်း အမေရိကန်၏ ပြည်ပစစ်ရေးဝင်ရောက်စွက်ဖက်မှုများနှင့် နှိုင်းယှဉ်လျှင် ယခုစစ်ပွဲအတွက် ထောက်ခံမှုမှာ အလွန်နည်းပါးနေပါတယ်။

Al Jazeera ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် Mahmoud Murad နှင့် Salam Khadr တို့က တင်ဆက်ခဲ့ပြီး၊ အမေရိကန် သံတမန်ဟောင်း Marilyn Hardinger လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ထိုအစီအစဉ်တွင် စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးရှုံးမှုများ တိုးလာခြင်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် အမေရိကန်ပြည်သူများ၏ စစ်ဆန့်ကျင်မှု ပိုမိုမြင့်တက်လာကြောင်း ဆွေးနွေးခဲ့ပါတယ်။

Fox News ၏ နောက်ဆုံးစစ်တမ်းနှင့် RealClearPolling ၏ အချက်အလက်များအရ အီရန်စစ်ပွဲကို ဆန့်ကျင်သူနှင့် ထောက်ခံသူကြား ကွာဟချက် ပိုမိုကျယ်ပြန့်လာ ပါတယ်။

၁။၆၆ ရာခိုင်နှုန်း က စစ်ပွဲကို ဆန့်ကျင်ပါတယ်။

၂။၃၄ ရာခိုင်နှုန်း သာ ထောက်ခံပါတယ်။

ထို့ကြောင့် ဤစစ်ပွဲသည် အမေရိကန် ခေတ်သစ်သမိုင်းတွင် ပြည်သူ့ထောက်ခံမှု အနည်းဆုံးရရှိသည့် စစ်ပွဲ ဖြစ်လာသည်ဟု ဆိုထားပါတယ်။

Gallup Institute ၏ သမိုင်းဝင် အချက်အလက်များအရ -

၁။၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲ စတင်ချိန်တွင် အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်း က ထောက်ခံပြီး ၅ ရာခိုင်နှုန်း ကသာ ဆန့်ကျင်ခဲ့ပါတယ်။

၂။၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ (Operation Desert Storm) တွင် ၇၉ ရာခိုင်နှုန်း ထောက်ခံပြီး ၁၆ ရာခိုင်နှုန်း ဆန့်ကျင်ခဲ့ပါတယ်။

၃။ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲ စတင်ချိန်တွင် ၇၆ ရာခိုင်နှုန်း ထောက်ခံပြီး ၂၀ ရာခိုင်နှုန်း ဆန့်ကျင်ခဲ့ပါတယ်။

၄။ ၂၀၁၁ ခုနှစ် လစ်ဗျားစစ်ရေးဝင်ရောက်မှု အပေါ် ၄၇ ရာခိုင်နှုန်း ထောက်ခံပြီး ၃၇ ရာခိုင်နှုန်း ဆန့်ကျင်ခဲ့သည်။

Salam Khadr က အစီအစဉ်အတွင်း အမေရိကန်စစ်တပ်၏ ဆုံးရှုံးမှုများကိုလည်း ဖော်ပြခဲ့ပါတယ်။ ၎င်း၏ ပြောကြားချက်အရ -

၁။အမေရိကန်စစ်သား ၁၈ ဦး သေဆုံး ခဲ့ပါတယ်။

၂။၅၀၀ ခန့် ဒဏ်ရာရရှိ ခဲ့သည်။

၃။F-15E တိုက်လေယာဉ်များ၊ A-10 ကင်းထောက်လေယာဉ်တစ်စင်း၊ Apache ရဟတ်ယာဉ်တစ်စင်း သည် ဟော်မုဇ်ရေလက်ကြားအနီးတွင် ပစ်ချခံရခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခဲ့သည်။

၄။KC-135 လောင်စာဖြည့်လေယာဉ်များ သည် အီရတ်လေပိုင်နက်အတွင်း ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပစ်ချခံခဲ့ရပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ စစ်ပွဲ၏ တိုက်ရိုက်ကုန်ကျစရိတ်မှာ ဒေါ်လာ ၃၇.၅ ဘီလီယံ အထိ ရောက်ရှိနေပြီး၊ အိမ်ဖြူတော်ကလည်း ဒေါ်လာ ၆၇ ဘီလီယံ ထပ်မံသုံးစွဲရန် ကွန်ဂရက်ထံ တောင်းဆို ထားပါတယ်။

ဟော်မုဇ်ရေလက်ကြားမှ အမေရိကန်ဈေးဆိုင်များအထိ

ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှု အနှောင့်အယှက်ဖြစ်ပေါ်ခြင်းကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့ (LNG) နှင့် စိုက်ပျိုးရေးမြေဩဇာများ၏ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်း ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၄.၁၁ ဒေါ်လာကျော် အထိ မြင့်တက်လာခဲ့ပါတယ်။ ယင်းသည် ရွေးကောက်ပွဲမဲဆွယ်စဉ် ထရမ့် က ဓာတ်ဆီဈေးကို တစ်ဂါလံ ၂ ဒေါ်လာအောက် သို့ လျှော့ချမည်ဟု ကတိပြုခဲ့ခြင်းနှင့် ဆန့်ကျင်နေပါတယ်။

စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် စက်ရုံများနှင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍများလည်း ထိခိုက်ခဲ့ပြီး၊ အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်များ၏ ဈေးနှုန်းများ မြင့်တက်ကာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

ထရမ့်သည် ပြည်သူ့ထောက်ခံမှုရရှိရန် လုံလောက်စွာ မကြိုးပမ်းခဲ့

အမေရိကန် သံတမန်ဟောင်း Marilyn Hardinger က ထရမ့်အစိုးရသည် ယခုစစ်ပွဲတွင် ပြည်သူလူထု၏ ထောက်ခံမှုကို ဆုံးရှုံးရသည့် အကြောင်းရင်းများကို ရှင်းပြခဲ့ပါတယ်။

သူမ၏ အဆိုအရ အရေးကြီးဆုံးအချက်မှာ ထရမ့်၏ ရွေးကောက်ပွဲကတိများနှင့် လက်ရှိအခြေအနေတို့အကြား ကွဲလွဲမှု ဖြစ်ပါတယ်။ ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စဉ် ရေရှည်စစ်ပွဲများကို အဆုံးသတ်ရန်နှင့် ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရန် ကတိပြုခဲ့သော်လည်း၊ လက်ရှိ အီရန်စစ်ပွဲသည် ထိုကတိများနှင့် ဆန့်ကျင်နေပါတယ်။

Hardinger က အမေရိကန်အစိုးရသည် ပြည်သူများကို ရှင်းလင်းပြောကြားခြင်း၊ ကွန်ဂရက်ကို စည်းရုံးခြင်းနှင့် နိုင်ငံတကာ မဟာမိတ်များ ဖွဲ့စည်းခြင်းတို့တွင် လုံလောက်စွာ မဆောင်ရွက်ခဲ့ကြောင်း၊ ယခင်စစ်ပွဲများကဲ့သို့ နိုင်ငံရေးပြင်ဆင်မှုများကို မလုပ်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယနေ့အချိန်တွင် အမေရိကန်ပြည်သူများအတွက် လူနေမှုစရိတ်နှင့် စီးပွားရေးအခြေအနေ သည် အဓိက စိုးရိမ်စရာ ဖြစ်လာပြီး၊ “အမျိုးသားလုံခြုံရေး” ဟူသော ယေဘုယျဆောင်ပုဒ်များသာဖြင့် ပြည်ပစစ်ပွဲများ၏ အကျိုး ဆက်များကို လက်ခံစေရန် မလုံလောက်တော့ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

Hardinger ၏ အဆိုအရ၊ ယင်းအချက်များကြောင့် အမေရိကန်ပြည်သူများသည် စစ်ပွဲများ၏ စီးပွားရေး ကုန်ကျ စရိတ် ကို ယခင်ထက် ပိုမိုသတိပြုလာကြပြီး၊ ထိုသဘောထားပြောင်းလဲမှုက ယခုစစ်ပွဲအပေါ် ထောက်ခံမှု လျော့နည်းလာ စေသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha