အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ်အတိုင်ပင်ခံလွှတ်တော်၏ ဇူလိုင် ၁၈ ရက် နေ့ ၂၀၂၆ ခုနှစ် အစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်မှုများ တားဆီးရေး ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ (၂)၊ (၄) နှင့် (၅) ကို လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံမဲဖြင့် အတည်ပြုခဲ့ပြီး၊ ပုဒ်မ (၃) ကို ပြင်ဆင်ရန်အတွက် လွှတ်တော်၏ တရားရေးနှင့် ဥပဒေရေးရာ ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
လွှတ်တော်က အတည်ပြုခဲ့သော ဥပဒေကြမ်း၏ ပုဒ်မ (၂) အရ နိုင်ငံတကာရာဇဝတ်မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against Humanity)၊ စစ်ရာဇဝတ်မှုများ (War Crimes) နှင့် ကျူးကျော်စစ်ဆင်နွှဲမှုဆိုင်ရာ ရာဇဝတ်မှုများ (Crime of Aggression) ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment