ယီမင်တပ်ဖွဲ့က ဆော်ဒီရေနံတင်သင်္ဘော NCC GHAZAL ကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်
၂၈ ဇူလိုင် ၂၀၂၆ - ၂၃:၂၇
News ID: 1846324
ယီမင်လက်နက်ကိုင်တပ်ဖွဲ့က ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘော NCC GHAZAL ကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်းသင်္ဘောသည် ဆော်ဒီအပေါ် ချမှတ်ထားသည့် ပင်လယ်ရေကြောင်း သွားလာမှု ကန့်သတ်ချက်ကို ချိုးဖောက်ပြီး သတိပေးချက်များကို လျစ်လျူရှုခဲ့သဖြင့် ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း ယီမင်ဘက်က ပြောကြား ခဲ့ပါတယ်။
Your Comment