၂၈ ဇူလိုင် ၂၀၂၆ - ၂၃:၅၄
အီရန်က ဟော်မုဇ်ရေလက်ကြားကို တင်းကျပ်စွာ စောင့်ကြည့်နေပြီး၊ ခွင့်ပြုချက်မရှိသော လမ်းကြောင်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် ကုန်သွယ်ရေးသင်္ဘော ၆ စင်းကို

အီရန်အာဏာပိုင်များ၏ ပြောကြားချက်အရ လက်နက်ကိုင်တပ်ဖွဲ့များသည် လမ်းကြောင်းပြစနစ် (Navigation System) ကို ပိတ်ထားပြီး မလုံခြုံသော လမ်းကြောင်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် သင်္ဘောများကို အချိန်မီ စောင့်ကြည့်ထိန်းချုပ်ကာ သတ်မှတ်ထားသော လုံခြုံသည့် လမ်းကြောင်းသို့ ပြန်လည် လှည့်ပို့ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားတွင် ခွင့်ပြုချက်မရှိသော လမ်းကြောင်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် ကုန်သွယ်ရေးသင်္ဘော ၆ စင်းကို တားဆီးကာ ၎င်းတို့၏ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ တနင်္လာနေ့ နံနက်အစောပိုင်းတွင် ကုန်သွယ်ရေးသင်္ဘော ၆ စင်းသည် ၎င်းတို့ ၏ လမ်းကြောင်းပြစနစ်နှင့် တည်နေရာဖော်ပြစနစ် (Positioning System) ကို ပိတ်ထားပြီး အမေရိကန်စစ်တပ်၏ လှုံ့ဆော်မှုကြောင့် ဟော်မုဇ်ရေလက်ကြား၏ တောင်ပိုင်းရှိ ခွင့်ပြုချက်မရှိသော၊ မလုံခြုံသည့် လမ်းကြောင်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။

ထိုဖြစ်စဉ်အတွင်း သင်္ဘောတစ်စင်းမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး  ကျန်သင်္ဘောများအားလုံးကို အီရန် လက်နက် ကိုင်တပ်ဖွဲ့များက စစ်ဆင်ရေးဆိုင်ရာ စောင့်ကြည့်ထိန်းချုပ်မှုအောက်တွင် ထားရှိကာ ပါရှန်း ပင်လယ် ကွေ့ ဘက်ရှိ သတ်မှတ်ထားသော လုံခြုံသည့် လမ်းကြောင်းသို့ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

သတင်းရင်းမြစ်က ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှုအတွက် အစိုးရက တရားဝင် သတ်မှတ် ထားသော လုံခြုံသည့် လမ်းကြောင်းသာ အသုံးပြုနိုင်ကြောင်း၊ အခြားလမ်းကြောင်းများမှာ ညစ်ညမ်းခြင်း၊ အန္တရာယ်ရှိခြင်းနှင့် နိုင်ငံတကာ ရေကြောင်းစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် ထိုလမ်းကြောင်းများကို အသုံးပြုခွင့် မပြုကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေများကို ချိုးဖောက်ခြင်း သို့မဟုတ် တားမြစ်ထားသော လမ်းကြောင်းများအတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုမှန်သမျှကို အပြည့်အဝ သတိရှိစွာ စောင့်ကြည့်သွားမည်ဖြစ်ပြီး ထိုကဲ့သို့သော လုပ်ရပ်များကိုလည်း ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းသွား  မည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha