၂၈ ဇူလိုင် ၂၀၂၆ - ၂၃:၅၈
အီရန်အပေါ် တိုက်ခိုက်မှုအပြီး ပထမဆုံးတွေ့ဆုံမှု ၊ နေတန်ယာဟုနှင့် ထရမ့်တို့ မီဒီယာမပါဘဲ တွေ့ဆုံ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်အပေါ် ဒုတိယအကြိမ် စစ်ရေးတိုက်ခိုက်မှု ဖြစ်ပွားပြီး နောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


IRNAသတင်းဌာန၏အစီရင်ခံစာအရ ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း နေတန်ယာဟု၏ ယခုခရီးစဉ်မှာ အမေရိကန်သို့ ရှစ်ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့တွင် အထူးသဖြင့် အီရန်နှင့်သက်ဆိုင်သည့် နောက်ဆုံးလုံခြုံရေး အခြေအနေများကို သုံးသပ်ရန် အရေးပေါ် အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

သတင်းများအရ လုံခြုံရေးစိုးရိမ်မှုများကြောင့် အဆိုပါအစည်းအဝေးကို မြေအောက်နေရာတွင် ကျင်းပခဲ့ပြီး၊ ထို့နောက် နေတန်ယာဟုသည် တိတ်တဆိတ်ဖြင့် ဝါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

ထရမ့်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးနှင့် တွေ့ဆုံပြီးနောက် နေတန်ယာဟုနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ ထိုအချိန်တွင် အမေရိကန်လွှတ်တော်၌ အီရန်ဆန့်ကျင်ရေး ရပ်တည်ချက်ကြောင့် လူသိများ သော အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်၏ ဈာပနအခမ်းအနားလည်း ကျင်းပနေ ကြောင်း ဖော်ပြထားပါတယ်။

Associated Press ၏ အစီရင်ခံစာအရ ဇယ်လင်စကီး အိမ်ဖြူတော်မှ ပြန်လည်ထွက်ခွာပြီး မိနစ် အနည်းငယ်အကြာတွင် နေတန်ယာဟု စီးနင်းလာသော အနက်ရောင် SUV ကားသည် West Executive ဝင်ပေါက်မှ တစ်ဆင့် အိမ်ဖြူတော်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရပါတယ်။

အစီရင်ခံစာအရ ယင်းတွေ့ဆုံမှုကို မီဒီယာများ မရှိဘဲ တံခါးပိတ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ထုတ်ပြန်ချက်တစ်ရပ်၌ ထရမ့်နှင့် နေတန်ယာဟုတို့၏ တွေ့ဆုံမှုအတွင်း အီရန်နှင့်ပတ်သက်သည့် စစ်ရေးအခြေအနေ၊ လက်ဘနွန်နှင့် ဆွေးနွေးညှိနှိုင်းမှု တိုးတက်မှုများ၊ ထို့ပြင် အစ္စရေးနှင့် သဘောတူထားသော “အီဘရာဟင် သဘောတူညီချက်” ကို တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုများ အကြောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ကလည်း တနင်္လာနေ့တွင် သတင်းထောက်များနှင့် ပြောကြားရာ၌ ၎င်းနှင့် နေတန်ယာဟုတို့သည် အီရန်ကိစ္စနှင့်ပတ်သက်၍ အရာအားလုံးတွင် ရာနှုန်းပြည့် သဘောတူညီမှု မရှိသော်လည်း အချင်းချင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha