၂၉ ဇူလိုင် ၂၀၂၆ - ၁၅:၀၈
တပ်မတော်၏ Su-24 သူရဲကောင်း လေယာဉ်မှူးတစ်ဦး ကျဆုံးခဲ့ကြောင်း အတည်ပြု

တပ်မတော်လေတပ်၏ Su-24 တိုက်လေယာဉ်မှူး ရဲဝံ့သတ္တိရှိသူ ဗိုလ်မှူးချုပ်အဆင့် (Brigadier General Second Rank) လေယာဉ်မှူး မဂျစ်ဒ် ကာဇင်းမ်မီ ရှဟီးဒ် ဖြစ် ကျဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ အာဇာနည်၏ ရုပ်အလောင်းကို နာရီပိုင်းအတွင်း အီရန် အစ္စလာမ်မစ်ပြည်သူ့နိုင်ငံ ၊ မိခင်နိုင်ငံသို့ ပြန်လည် သယ်ဆောင်လာ မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းဌာန၏ ဖော်ပြချက်အရ ယမန်နှစ် အက်စ်ဖန် လ ၁၁ ရက် တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း ကာတာနိုင်ငံရှိ အမေရိကန်၏ အယ်လ်ဥဒေးဒ် (Al Udeid) လေတပ်အခြေစိုက်စခန်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ဤစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည့်  အီရန် Su-24 တိုက်လေယာဉ်တစ်စီး၏ လေယာဉ်မှူး ဗိုလ်မှူးချုပ်အဆင့် ဒုတိယတန်း လေယာဉ်မှူး မဂျစ်ဒ် ကာဇင်းမ်မီ သည် ရှဟီးဒ် ဖြစ် ကျဆုံးခဲ့ကြောင်း ကို အထူးစမ်း သပ်စစ်ဆေးမှုများနှင့် DNA စစ်ဆေးမှုများမှတစ်ဆင့် အတည်ပြုနိုင်ခဲ့ပါတယ်

လပေါင်းများစွာ မိခင်နိုင်ငံနှင့် ဝေးကွာနေခဲ့သည့် အဆိုပါ အာဇာနည်၏ ရုပ်အလောင်းကို နာရီပိုင်းအတွင်း အီရန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပါတယ်။

Su-24 တိုက်လေယာဉ်နှစ်စီးမှ ကျန်ရှိသော လေယာဉ်မှူး ၃ ဦး၏ အခြေအနေကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံရရှိလာမည့် အသေးစိတ်နှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို ရရှိသည်နှင့်အမျှ လိုအပ်သော သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ပါတယ်။  ထို့အပြင် ဗိုလ်မှူးချုပ်အဆင့် ဒုတိယတန်း လေယာဉ်မှူး ကာဇေမီ၏ ဈာပနအခမ်းအနားနှင့် သင်္ဂြိုဟ်မည့် အချိန်အသေးစိတ်ကိုလည်း အီရန်ပြည်သူများအား နောက်ပိုင်းတွင် အသိပေးသွားမည်ဖြစ်ပါတယ်။

ယမန်နှစ် (အီရန်လ)အက်စ်ဖန်လ ၁၁ ရက် တွင် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်လေတပ်၏ Su-24 ဗုံးကြဲလေယာဉ် နှစ်စီး သည် အမေရိကန်တပ်မတော်နှင့် အစ္စရေးကို ရည်ညွှန်းထားသော "ဇီယွန်နစ်အစိုးရ" ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရဲဝံ့သော စစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။  

ယင်းလေယာဉ်များသည် ရှီရာဇ်မြို့ရှိ ရှဟီးဒ် ဒူရန် (Shahid Doran) လေတပ်အခြေစိုက်စခန်းမှ ပျံသန်း ထွက်ခွာကာ ရန်သူ၏ အဆင့်မြင့် ထောက်လှမ်းရေးစနစ်များနှင့် ရေဒါစခန်းများကို ဖြတ်ကျော်ပြီး ကာတာနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ပိုင် အယ်လ်ဥဒေးဒ် လေတပ်အခြေစိုက်စခန်း ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထား ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အခြေစိုက်စခန်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သော်လည်း၊ အီရန်၏ "ကောင်းကင်ယံ လင်းယုန်များ" ဟု ဖော်ပြထားသော လေယာဉ်မှူးများသည် အပြန်ခရီးတွင် ပါရှန်ပင်လယ်ကွေ့ အပေါ်၌ ရန်သူ၏ လေကြောင်းကာကွယ်ရေးစနစ်များ၏ ပစ်ခတ်မှုကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ယနေ့အထိ အဆိုပါ ရဲရင့်သော လေယာဉ်မှူးများ၏ အခြေအနေကို အတည်ပြုနိုင်ရန် ကြိုးပမ်းမှုများ ဆက်လက်ပြုလုပ် နေဆဲဖြစ် ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha