၃၀ ဇူလိုင် ၂၀၂၆ - ၂၃:၅၆
အီရန်တပ်မတော် ၏အာရရှ် ဒရုန်းများက ဘာရိန်းရှိ အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ ဖျက်ဆီးရေးဒရုန်းများသည် ဘာရိန်းရှိ အမေရိကန်၏ အရေးကြီးသော အခြေစိုက်စခန်းများနှင့် စစ်ရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်တပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ရာတွင် "ဆွာအေကဟ် စစ်ဆင်ရေး (ခ) လျှပ်စီး စစ်ဆင်ရေး " အဆင့် (၂၆) အတွင်း၊ အီရန်လေတပ်၏ Su-24 တိုက်လေယာဉ်မောင်းသူ ဒုတိယဗိုလ်မှူးကြီး မဂျီးဒ် ကာဇင်းမ်မီ ကျဆုံးခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်တပ်မတော်၏ ဖျက်ဆီးရေးဒရုန်းများက ဘာရိန်းနိုင်ငံရှိ ရှိက်ခ်အီစာ လေတပ်အခြေစိုက်စခန်း အတွင်းရှိ လျှပ်စစ်မီးပေးစက်များ ၊ လမ်းညွှန်စနစ်များ နှင့် အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးအဆောက်အအုံများ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထို့ပြင် ပြီးခဲ့သည့်ရက်များ နှင့် ယနေ့ည (ကြာသပတေးနေ့) က ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ၊ ကာကွယ်ရေးစနစ်များစွာ တပ်ဆင်ထားသော်လည်း အမေရိကန်တပ်ဖွဲ့များ၏ စက် ကိရိယာများ နှင့် တပ်ဖွဲ့အခြေစိုက်ရာနေရာများတွင် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဘာရိန်းရှိ ရှိက်ခ် အီစာ လေတပ်အခြေစိုက်စခန်း သည် ပင်လယ်ကွေ့ဒေသအတွင်းရှိ အမေရိကန်၏ အရေးပါဆုံးနှင့် အထိခိုက်မခံဆုံး အခြေစိုက်စခန်းများအနက် တစ်ခုဖြစ်ပြီး ကင်းထောက်လေယာဉ်များကို လက်ခံထားသည့်အပြင် ရဟတ်ယာဉ်များနှင့် ဒရုန်းအစိတ်အပိုင်းများကို ပြုပြင်ထိန်းသိမ်းသည့် အဓိက စင်တာတစ်ခုလည်း ဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ အဆိုပါအခြေစိုက်စခန်းသည် အီရန် လက်နက် ကိုင်တပ်ဖွဲ့များ၏ ထပ်တလဲလဲ တိုက်ခိုက်မှုများကြောင့် ရန်သူတပ်ဖွဲ့များ၏ တိုက်ခိုက်ရေးနှင့် ထောက်ပံ့ ရေးစွမ်းရည်များကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha