၁၂ ဩဂုတ် ၂၀၂၆ - ၂၃:၅၃
ယီမင်တပ်ဖွဲ့များ ၏ တိုက်ခိုက်မှုကို စိုးရိမ်၍ ဆော်ဒီစစ်ဘက်အရာရှိများ စိုကိုတြာကျွန်းမှ ရုတ်တရက် ထွက်ခွာ

ဆော်ဒီတပ်ဖွဲ့များ၏ အဆင့်မြင့် စစ်ဘက်အရာရှိအများအပြားသည် ယီမင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ် သဖြင့် ယီမင်နိုင်ငံပိုင် စိုကိုတြာကျွန်းမှ ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ အစီရင်ခံချက် နှင့်  ယီမင်သတင်းရင်းမြစ်များက ယီမင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေကို စိုးရိမ်မှုကြောင့် ဆော်ဒီတပ်ဖွဲ့များ၏ အဆင့်မြင့် စစ်ဘက်အရာရှိအများအပြားသည် ယီမင်နိုင်ငံရှိ စိုကိုတြာကျွန်းမှ ရုတ်တရက် ထွက်ခွာခဲ့ကြပြီး ဟဒီဘိုမြို့ရှိ လေဆိပ်မှတစ်ဆင့် ကျွန်းကို စွန့်ခွာသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ၎င်းတို့၏ ဦးတည်ရာနေရာကိုမူ ယခုအချိန်အထိ မသိရသေးကြောင်း သိရပါတယ်။

ယီမင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဆော်ဒီစစ်တပ်မှ အဆင့်မြင့်အရာရှိအများအပြားသည် စိုကိုတြာကျွန်းရှိ «808» တပ်ဖွဲ့၏ အခြေစိုက်စခန်းမှ ထွက်ခွာကာ ကျွန်း၏ အဓိကမြို့ဖြစ်သော ဟဒီဘိုမြို့ရှိ လေဆိပ်မှတစ်ဆင့် စိုကိုတြာကျွန်းမှ ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်းရင်းမြစ်များအရ အဆိုပါ အရာရှိများ၏ ဦးတည်ရာနေရာနှင့် ပတ်သက်၍ သတင်းအချက်အလက် မရရှိ သေးသော်လည်း ယီမင်တပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းတပ်ဖွဲ့များက ၎င်းတို့၏ စစ်ဘက်ကွပ်ကဲရေးဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည်ကို စိုးရိမ်သောကြောင့် စိုကိုတြာကျွန်းမှ ထွက်ခွာခဲ့ကြသည်ဟု ဆိုပါတယ်။

ယီမင်သတင်းရင်းမြစ်များက ဆော်ဒီအရာရှိများ ထွက်ခွာသွားမှုသည် ဆော်ဒီစစ်တပ်မှ အခြားသော အရာရှိအချို့ «Jabal al-Nar» အခြေစိုက်စခန်းမှ စိုကိုတြာကျွန်းသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

အဆိုပါ အခြေစိုက်စခန်းသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အယ်လ်မိုခါမြို့အနီးတစ်ဝိုက်တွင် ဆန်အာ အခြေစိုက်တပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို ခံခဲ့ရသည်ဟု ဆိုပါတယ်။

အခြားတစ်ဖက်တွင် စိုကိုတြာ၏ အုပ်ချုပ်ရေးမှူး ဟာရှင်မ် အယ်လ်စိုကိုတြာက ပြီးခဲ့သည့် နာရီပိုင်းအတွင်း ကျွန်းသူ ကျွန်းသားများနှင့် အခြား သိမ်းပိုက်ခံနယ်မြေများတွင် နေထိုင်သူများအား ဆော်ဒီအာရေဗျ၏ တည်ရှိ မှု နှင့် လုပ်ဆောင်ချက်များကို ဆန့်ကျင်၍ ခုခံတော်လှန်ရန် တောင်းဆိုခဲ့ပါတယ်။

၎င်းက ဆော်ဒီအာရေဗျက အဆိုပါဒေသများအပေါ် ချမှတ်ထားသည့် “အုပ်ထိန်းမှု” ဟုခေါ်ဆိုသည့် အခြေ အနေကို အဆုံးသတ်ရန် အလေးပေးပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် ထိုအခြေအနေကို ဆန့်ကျင်၍ ရပ်တည် ကြရန် တိုက်တွန်းခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ဟာရှင်မ် အယ်လ်စိုကိုတြာက ပြည်သူများအား ပူးပေါင်းကြံစည်မှုများကို အားပေး လှုံ့ဆော်ရန် ရည်ရွယ်ထားသည့် အဆိုပါတောင်းဆိုချက်များနှင့် ပတ်သက်၍လည်း သတိထားကြရန် သတိပေး ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha