၈ စက်တင်ဘာ ၂၀၂၆ - ၁၇:၂၆
အစ္စလာမ်မစ်တော်လှန်ရေး၏ လူသားများအတွက် သတင်းစကား

တရားမျှတမှုသည် ကျယ်ပြန့်ပြီး အားလုံးကို လွှမ်းခြုံသော အဓိပ္ပါယ်ရှိသည်။ နယ်ပယ်အားလုံးတွင် တရားမျှတမှုဆိုလိုသည်မှာအရာရာကို မိမိ၏ သင့်လျော်သောနေရာ၌ ထားရှိခြင်းကို အမြဲတမ်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါတယ်။ ၎င်းသည် လူသားတို့အတွက် အလယ်အလတ်၊ မျှတသော လမ်းကြောင်းဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုနည်းတူပင် သင်တို့ကို အလယ်အလတ်နှင့် မျှတသော အဖွဲ့အစည်း (အွန်မ္မသ်) အဖြစ် ဖန်ဆင်းတော် မူခဲ့ပါ တယ်။လူတို့အပေါ် သက်သေများ ဖြစ်ကြရန်အတွက် ဖြစ်ပါတယ်။

ကမ္ဘာကြီးသည် ရုပ်ဝတ္ထုကိုသာ အလွန်အကျွံ အာရုံစိုက်ခြင်းမှ မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ပါ။ လိင်ပိုင်း ဆိုင်ရာ လွတ်လပ်ခွင့်များကို ဖြန့်ကျက်ပေးခြင်းမှလည်း အကျိုးမရခဲ့ပါ။ ဥရောပတွင် ရုပ်ဝတ္ထုအခြေပြု လှုပ်ရှားမှု များကြောင့် ပေါ်ပေါက်လာခဲ့သည့် ဝိညာဉ်ရေးရာမှ လွတ်မြောက်ခြင်း၊ အလ္လာဟ် ဟို အရှင်မြတ် ၏ သတ်မှတ်ချက်များနှင့် ကန့်သတ်ချက်များမှ လွတ်မြောက်ခြင်း တို့မှလည်း လူသားမျိုးနွယ်သည် အကျိုးမရခဲ့ပါ။

အကြောင်းမှာ ထိုအရာများသည် -

* တရားမျှတမှုကို အာမခံပေးနိုင်ခြင်း မရှိခဲ့၊

* အများပြည်သူ၏ လူနေမှုဘဝ သာယာချမ်းမြေ့မှုကို အာမခံပေးနိုင်ခြင်း မရှိခဲ့၊

* လုံခြုံရေးကို အာမခံပေးနိုင်ခြင်း မရှိခဲ့၊

* မိသားစုကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း မရှိခဲ့၊

* နောင်လာမည့် မျိုးဆက်များကိုလည်း မှန်ကန်စွာ ပျိုးထောင်ပေးနိုင်ခြင်း မရှိခဲ့ပါ။

ဤအရာအားလုံးတွင်ပင် ၎င်းတို့သည် ဆုံးရှုံးမှုများကိုသာ ခံစားခဲ့ရပါတယ်။

သို့သော် ကုမ္ပဏီပိုင်ရှင်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် လက်နက်ထုတ်လုပ်သူများထဲမှ အချို့သည် အလွန်ကြီး မားသော ချမ်းသာကြွယ်ဝမှုများကို ရရှိခဲ့ကြပါတယ်။ ထိုအရာသည်သာ အမှန်ဖြစ်ပါတယ်။ သို့သော်  အနောက် တိုင်း ၏ ရုပ်ဝတ္ထုအခြေပြု ယဉ်ကျေးမှုသည် လူသားမျိုးနွယ်အတွက် အမှန်တကယ် လူသားဆန်သော အောင်မြင်မှု ကို မပေးနိုင်ခဲ့ပါ။ ၎င်းတို့ကိုယ်တိုင်လည်း ပျော်ရွှင်ချမ်းမြေ့စွာ မနေထိုင်နိုင်ခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အရိပ်အောက်တွင် နေထိုင်ပြီး ၎င်းတို့ကို အတုယူခဲ့ကြသော လူ့အဖွဲ့အစည်းများကိုလည်း ပျော်ရွှင်ချမ်းမြေ့အောင် မပြုလုပ်နိုင်ခဲ့ပါ။

အစ္စလာမ်မစ်တော်လှန်ရေး၏ သတင်းစကားမှာ ဤကဲ့သို့သော ဆင်းရဲဒုက္ခနှင့် ပျက်စီးခြင်းများကို ဖြစ်ပေါ် စေသော လမ်းကြောင်းမှ လူသားများ လွတ်မြောက်ရန် ဖြစ်ပါတယ်။

နာမ်ပိုင်း ရေးရာကို အာရုံစိုက်ခြင်း၊ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များကို အာရုံစိုက်ခြင်းနှင့် တစ်ချိန်တည်းတွင် လူသားတို့၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးခြင်း၊ဤသည်မှာ အစ္စလာမ်တွင် ရှိသည့် အရာဖြစ်ပါတယ်။ အလယ်အလတ်နှင့် မျှတသော လမ်းကြောင်း ဖြစ်သည်။

ကက်သလစ်နှင့် အော်သိုဒေါက်စ် ဘုရားကျောင်းများ၏ အလွန်အကျွံ တင်းကျပ်မှုနှင့် မှားယွင်းသော ကန့်သတ်မှုများ လည်း မဟုတ်သကဲ့သို့၊ ထိုအရာ၏ ဆန့်ကျင်ဘက်ဖြစ်သော အနောက်တိုင်း လူ့အဖွဲ့အစည်းများ တွင် ပေါ်ပေါက်လာသည့် အကန့်အသတ်မဲ့ လွတ်လပ်ပေါ့ပါးမှု လည်း မဟုတ်ပါ။ ထိုနှစ်မျိုးစလုံးသည် မှားယွင်း ပါတယ်။

အစ္စလာမ်၏ လမ်းကြောင်းသည် အလယ်အလတ်နှင့် မျှတသော လမ်းကြောင်းဖြစ်သည်။ ၎င်းသည် တရားမျှ တမှု၏ လမ်းကြောင်းဖြစ်ပါတယ်။

တရားမျှတမှုသည် ကျယ်ပြန့်ပြီး အားလုံးကို လွှမ်းခြုံသော အဓိပ္ပါယ်ရှိသည်။ နယ်ပယ်အားလုံးတွင် တရားမျှတမှု ၊ အရာရာကို မိမိ၏ သင့်လျော်သောနေရာ၌ ထားရှိခြင်း၊ ကို အမြဲတမ်း ထည့်သွင်းစဉ်းစားရမည်။ ၎င်းသည် လူသားတို့ အတွက် အလယ်အလတ်၊ မျှတသော လမ်းကြောင်းဖြစ်ပ

 “ထိုနည်းတူပင် သင်တို့ကို အလယ်အလတ်နှင့် မျှတသော အုမ္မသ်အဖြစ် ဖန်ဆင်းတော်မူခဲ့သည်၊ လူတို့အပေါ် သက်သေများ ဖြစ်ကြရန်အတွက် ဖြစ်သည်။”

တော်လှန်ရေးခေါင်းဆောင်၏ မိန့်ခွန်း၊ အီရန်လေတပ် တပ်မှူးများနှင့် တွေ့ဆုံပွဲ၊ ၂၀၁၂ ဖေဖော်ဝါရီ ၈ (အီရန်သက္ကရာဇ် ၁၃၉၀/၁၁လ ပိုင်း /၁၉)ဒ

ကိုးကားချက်များ

၁။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊  ကေဆွရ် အမှတ် ၄၃၇

အေမာမ် အလီ (အ.စ) အား “တရားမျှတမှုနှင့် ရက်ရောမှုတို့အနက် မည်သည့်အရာက ပိုမိုမြင့်မြတ်သနည်း?” ဟု မေးမြန်းရာ၊ ကိုယ်တော်က “တရားမျှတမှုသည် အရာရာကို မိမိ၏နေရာ၌ ထားပေးသည်။ ရက်ရောမှုသည် အရာများ ကို ၎င်းတို့၏ မူလနေရာမှ ထုတ်ပေးသည်။ တရားမျှတမှုသည် အားလုံးအတွက် အထွေထွေ အုပ်ချုပ် မှုဖြစ်ပြီး၊ ရက်ရောမှုသည် အချို့သူများအတွက်သာ ဖြစ်သော အထူးအကျိုးကျေးဇူးဖြစ်ပါတယ်။ ထို့ကြောင့် တရား မျှတမှုသည် ထိုနှစ်ခုအနက် ပိုမိုမြင့်မြတ်ပြီး ပိုမိုကောင်းမွန်ပါတယ်။

၂။ စူရဟ်အလ်ဗကရဟ် ၊ အာယတ် ၁၄၃

 “ထိုနည်းတူပင် သင်တို့ကို အလယ်အလတ်နှင့် မျှတသော အွန်မ္မသ်အဖြစ် ဖန်ဆင်းတော်မူခဲ့ပါတယ်။ လူတို့အပေါ် သက်သေများ ဖြစ်ကြရန်နှင့် ရစူလ်တော်သည်လည်း သင်တို့အပေါ် သက်သေဖြစ်ရန် ဖြစ်ပါသည်။ ယခင်က သင်တို့ မျက်နှာမူခဲ့သော ကစ်ဗလာကို သတ်မှတ်ပေးခဲ့ခြင်းမှာ ရစူလ်တော်၏ နောက်လိုက်သူများနှင့် နောက်ပြန် လှည့်၍ ယခင် မသိနားမလည်သော အခြေအနေသို့ ပြန်သွားသူများကို ခွဲခြားသိရှိရန်သာ ဖြစ်သည်။ ထိုအရာသည် အလ္လာဟ်က လမ်းညွှန်ပေးထားသူများမှလွဲ၍ အခြားသူများအတွက် အလွန်ခက်ခဲခဲ့သည်။ အလ္လာဟ် သည် သင်တို့ ၏ ယုံကြည်ခြင်းကို မည်သည့်အခါမျှ အချည်းနှီး မဖြစ်စေပါ။ အမှန်တကယ်ပင် အလ္လာဟ်သည် လူသား တို့အပေါ် အလွန်ကြင်နာ၍ အလွန်သနားတော်မူသော အရှင်ဖြစ်ပါသည်။”

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha