အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ယီမင်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တအစ်ဇ်ပြည်နယ်၊ အလ်ဝါဇီအီယာဒေသကို ဆော်ဒီအာရေဗျက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး အခြားအရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယီမင်နိုင်ငံ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဆက်လက်၍ အရပ်သားများကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် အဆိုပါဝန်ကြီးဌာနက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဥပဒေရေးရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ယင်းကဲ့သို့သော ရာဇဝတ်မှုများကို ရှုတ်ချပြီး ရပ်တန့်စေရန် ဆောင်ရွက်ကာ မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်ကြရန် တောင်းဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment