အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် သရုပ်ဆောင် ဗန်ဇီဟ် အဲဟ်မဒ် သည် မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို ပြောပြရာတွင် ကင်ဆာရောဂါ ( လင့်ဖိုးမား (Lymphoma - သွေးကင်ဆာတစ်မျိုး) ရောဂါ) ခံစားနေရသည့်ကာလအတွင်း အလွန်ခက်ခဲသော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်းနှင့် ကျမ်းမြတ်ကုရ်အာန်ကို သေလာဝသ်ပြုခြင်း ( ရွတ်ဖတ်ခြင်း) သည် သူမအတွက် စိတ်အေးချမ်းမှု၊ မျှော်လင့်ချက်နှင့် စိတ်ခွန်အားတို့ကို ပေးစွမ်းသည့် အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သူမက ထိုရောဂါကို တိုက်ပွဲဝင်နေရသည့်အချိန်တွင် ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်ရန် အာရုံစိုက်ခဲ့ပြီး နောက်ဆုံးတွင် ရောဂါမှ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ပြောဆိုထာပါတယ်။
ဤအတွေ့အကြုံသည် ဘဝ၏ခက်ခဲသောနေ့ရက်များကို ဖြတ်သန်းရချိန်တွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့်အတူ ယုံကြည်သက်ဝင်မှု၊ ယုံကြည်ခြင်းနှင့် နာမ်ပိုင်း ရေးရာတို့က မည်သို့သော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဆိုသည့်အချက်ကို အာရုံစိုက်စေခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment