၂၂ အောက်တိုဘာ ၂၀၂၆ - ၀၉:၀၇
အီရန်နိုင်ငံ ဆီရစ်ဒေသတွင် ပေါက်ကွဲမှုဖြစ်ပွား/ အမေရိကန်နှင့် အစ္စရေးတို့၏ လှုပ်ရှားမှုများကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်

အီရန်နိုင်ငံတောင်ပိုင်း ဆီရစ် ဒေသတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ အဆိုပါဖြစ်စဉ်သည် အီရန်က ဖြန့်ကြက်ချထားသည့် သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်သည် မိမိ ၏ နယ်မြေဒေသအသီးသီးတွင် သင်္ဘောဖျက်ဒုံးကျည်များနှင့် အခြားလက်နက်များကို ဖြန့်ကြက်ချထားခဲ့ပြီး ဆီရစ်ဒေသရှိ သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှု မြန်မာစံတော်ချိန် မနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နောက်ကွယ်တွင် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်တာလား ? အမေရိကန်  တစ်နိုင်ငံ တည်း တိုက်ခိုက်တာလား ? ဆိုတာတော့ သတင်းအတိအကျ မသိရှိရသေးချေ။ 

 ယခုဖြစ်စဉ်သည် အီရန်၏ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်သည့် အသေးစားစစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်နိုင်ပါတယ်။

တစ်ဖက်တွင် အမေရိကန်က ပင်လယ်ကွေ့ဒေသရှိ ၎င်း၏ နိုင်ငံသားများ၊ သံတမန်ရေးရာဝန်ထမ်းများနှင့် အစိုးရအရာရှိများအား ဒေသမှ  မိသားစုဝင်များကိုပါ ခေါ်ယူထွက်ခွာရန် သတိပေး ညွှန်ကြားခဲ့ပါတယ်။ ဤ ညွှန်ကြား ပြုပြီ ၈ နာရီ အကြာတွင် ဆီရစ်ဒေသ ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

အလားတူ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်တပ်ဖွဲ့ဝင်များကိုလည်း ရွှေ့ပြောင်းနေကြောင်း သိရပါတယ်။

ယင်းလုပ်ဆောင်ချက်များသည် အီရန်၏ ဖြစ်နိုင်ခြေရှိသော လက်တုံ့ပြန်တိုက်ခိုက်မှုများအပေါ် စိုးရိမ်မှု ကြောင့် ဖြစ်ပါတယ်။

ဆီရစ်ဒေသရှိ ပေါက်ကွဲမှု ဖြစ်စဉ်များသည် အရှေ့အလယ်ပိုင်းဒေသ၏ လုံခြုံရေးအခြေအနေကို ပိုမိုတင်းမာစေနိုင်သည့် အကြောင်းရင်းများအဖြစ် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha