အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံအခြေစိုက် ဝေလာယသ် ကွန်ရက် တွင် ပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာ မေးခွန်းများကို ဖြေကြားပေးသည့် အစီအစဉ်များ မှ တစ်ခု ကို မြန်မာဘာသာ သို့ ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဖြေဆိုပေးသည့် ဆရာကြီး မှာ H.I ဝဟီးဒ်ပူရ် (ခ) ဆရာကြီး ဝဟီးဒ်ပူရ် ဖြစ်ပါတယ်။
အမေး နှင့် အဖြေမှာအောက်ပါအတိုင်း ဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူ - မိဘများက သမီးများကို အမွေမပေးဘဲ မိမိတို့၏ ပစ္စည်းဥစ္စာများကို သားအကြီးဆုံးအား ပေးအပ်ခြင်းသည် မှန်ကန်ပါသလား?
ဆရာကြီး ဝဟီးဒ်ပူရ် - ကြည့်ပါ။ ဒီမေးခွန်းကို မေးထားပုံက မှားနေပါတယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ ဖခင် သို့မဟုတ် မိခင်တစ်ဦးက မိမိ၏ သားသမီးတစ်ဦးဦးကို အမွေမရအောင် ဖယ်ထုတ်ပိုင်ခွင့် ရှိ၊ မရှိ ဆိုတာကို မေးတာလား?
ဒါမှမဟုတ် မိမိအသက်ရှင်နေစဉ်မှာ သားသမီးအချို့ကို ပစ္စည်းဥစ္စာများ ပေးအပ်ပြီး အခြားသားသမီးတစ်ဦးကို မပေးဘဲ နေခွင့်ရှိ၊ မရှိ ဆိုတာကို မေးတာလား?
ဒီကိစ္စမှာ ပြဿနာနှစ်မျိုး ရှိပါတယ်။
ပထမအချက်ကတော့ ကျနော် အသက်ရှင်နေသရွေ့ ကျနော် ရဲ့ ပိုင်ဆိုင်မှုတွေကို ကျနော် ပေးချင်တဲ့သူကို ပေးပိုင်ခွင့်ရှိပါတယ်။
ဥပမာ သမီးတစ်ယောက်ကို မပေးခဲ့ဘူးဆိုရင်လည်း အဲဒီလုပ်ရပ်ကြောင့် ဟရာမ် (တားမြစ်ထားသော အပြစ်ရှိသည့်လုပ်ရပ်) ကို ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီပစ္စည်းတွေက ကျနော် ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ကျနော် အသက်ရှင်နေသေးတဲ့အတွက် ဘယ်သူ့ကို ပေးမယ်၊ ဘယ်သူ့ကို မပေးဘူးဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
ဒါပေမဲ့ နောက်တစ်မျိုးရှိပါသေးတယ်။
တစ်ခါတလေမှာ လူတစ်ဦးက “ကျနော် သေဆုံးသွားပြီးတဲ့နောက် ကျနော် သမီးဟာ အမွေဝေစု မရစေရ” လို့ ရေးသားထားတာမျိုး ရှိပါတယ်။
ဒီလိုလုပ်တာကတော့ မှားပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီကိစ္စဟာ ကျနော် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စမဟုတ်တော့ပါဘူး။
ကျနော် သေဆုံးသွားတဲ့အခါ ကျနော် ရဲ့ ပိုင်ဆိုင်မှုတွေကို ကုရ်အာန်ကျမ်းမြတ်မှာ ပြဋ္ဌာန်းထားတဲ့ အမွေခွဲဝေမှုဆိုင်ရာ ဥပဒေများအတိုင်း သားနဲ့သမီးတို့အား ခွဲဝေပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သမီးကို အမွေမရစေရန် ဖယ်ထုတ်လို့ မရပါဘူး။ အဲဒီလိုရေးသားထားခြင်းကလည်း အကျိုးမရှိပါဘူး။ ထိုသို့ပြုလုပ်ခြင်းမှာ ရှရီအသ်တရားတော်နှင့် ဆန့်ကျင်ပြီး ကုရ်အာန်ကျမ်းမြတ်၏ ပြဋ္ဌာန်းချက်များကိုလည်း ဆန့်ကျင်နေပါတယ်။
ဒါကြောင့် အမွေမှ ဖယ်ထုတ်ခြင်းဆိုတာ လုပ်ပိုင်ခွင့်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။
သို့သော် လူတစ်ဦးသည် အသက်ရှင်နေစဉ်မှာတော့ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိပေးချင်တဲ့သူကို ပေးနိုင်သလို အခြားသူတစ်ဦးကိုလည်း မပေးဘဲ ထားနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment